Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဒေါ်လာမှာ ထရမ့်လက်မှတ်ကို ထည့်သွင်းရိုက်နှိပ်မယ်လို့ ကြေညာ

အသစ်ရိုက်နှိပ် ထုတ်ဝေမယ့် အမေရိကန် ဒေါ်လာ ငွေစက္ကူတွေမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်မှတ် ပါဝင်လာမယ်လို့ သိရပါတယ်။

အသစ်ရိုက်နှိပ် ထုတ်ဝေမယ့် အမေရိကန် ဒေါ်လာ ငွေစက္ကူတွေမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်မှတ် ပါဝင်လာမယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၂၅၀ ပြည့် အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေမယ့် ဒေါ်လာငွေတွေမှာ သမ္မတရဲ့ လက်မှတ် ပါဝင်လာမယ်လို့ မတ်လ ၂၇ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဒါဟာ အမေရိကန်ရဲ့ ဒေါ်လာငွေ စက္ကူတွေပေါ်မှာ အာဏာရ သမ္မတရဲ့ လက်မှတ်ကို ဘယ်တုန်းကမှ မရိုက်နှိပ်ခဲ့ဖူးတဲ့ အစဉ်အလာကို ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆၅ နှစ်လုံးလုံး အမေရိကန် ဒေါ်လာတွေရဲ့ စစ်မှန်မှုကို အာမခံတဲ့ အနေနဲ့ ပုံနှိပ် ဖော်ပြခဲ့ဖူးတဲ့ ဘဏ္ဍာရေးမှူး လက်မှတ်တွေဟာလည်း အခုဒီဇိုင်းသစ် ငွေစက္ကူတွေမှာတော့ ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးမှူးဟာ ဘဏ္ဍာရေး ဝန်ကြီးဆီ အစီရင် ခံရတဲ့ အရာရှိဖြစ်ပြီး ငွေစက္ကူ ရိုက်နှိပ်မှု၊ ဒင်္ဂါးသွန်းမှုနဲ့ တခြား ဘဏ္ဍာရေး လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်ရပါတယ်။

ဇွန်လမှာ စတင်ဖြန့်ဝေမယ့် ငွေစက္ကူတွေမှာတော့ ထရမ့်နဲ့ လက်ရှိ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ရဲ့ လက်မှတ်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။ ပထမဆုံးအဖြစ် ထရမ့်ရဲ့ လက်မှတ်ပါတဲ့ ဒေါ်လာ ၁၀၀ တန်တွေကို စတင် ဖြန့်ဝေမှာဖြစ်ပြီး တခြားတန်ဖိုးနဲ့ ငွေစက္ကူတွေကတော့ နောက်ပိုင်းလတွေမှာ ထွက်ပေါ်လာမယ်လို့ ဆိုပါတယ်။ အဲဒီ ငွေစက္ကူတွေကို နိုင်ငံတဝန်းက ဘဏ်တွေဆီ ဖြန့်ဖြူးပေးဖို့ နောက်ထပ် သီတင်းပတ်တချို့ ကြာမြင့်ဖွယ် ရှိပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဖြစ်ခဲ့သူ ဂျနက် ယယ်လန်နဲ့ ဘဏ္ဍာရေးမှူး လင်းမာလာဘာတို့ရဲ့ လက်မှတ်တွေ ပါဝင်တဲ့ ဒေါ်လာငွေတွေကိုလည်း ဆက်လက် ထုတ်ဝေနေဆဲပါ။

၁၈၆၁ ခုနှစ် ကတည်းက အစိုးရရဲ့ ဘဏ္ဍာရေးမှူးတွေက နိုင်ငံထုတ် ငွေစက္ကူတွေပေါ်မှာ လက်မှတ် ရေးထိုးပေးခဲ့ပြီး မာလာဘာကတော့ နောက်ဆုံး ဖြစ်လာပါတယ်။

အမေရိကန် နိုင်ငံနဲ့ သမ္မတ ထရမ့်ရဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို ဂုဏ်ပြုဖို့ဆိုရင် ဒေါ်လာစက္ကူတွေမှာ သူ့ရဲ့ နာမည်ကို ထည့်သွင်း ဖော်ပြတာထက် ပိုကောင်းတဲ့ နည်းလမ်းမျိုး မရှိနိုင်ဘူးလို့ ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ မျက်နှာပုံပါတဲ့ ၁ ဒေါ်လာတန် အကြွေစေ့တွေ သွန်းလုပ်စေမယ့် ကိစ္စကိုတော့ အမေရိကန် ဥပဒေတွေရဲ့ ကန့်သတ်ချက်ကြောင့် လက်လျှော့ခဲ့ပါတယ်။ ဥပဒေတွေအရ ဒင်္ဂါးတွေပေါ်မှာ လက်ရှိ သက်ရှိထင်ရှား လူပုဂ္ဂိုလ်တွေရဲ့ ပုံကို ထည့်သွင်း သွန်းလုပ်ခွင့် မပေးဘူးလို့ တားမြစ်ထားတာကြောင့် ဖြစ်ပါတယ်။

အသစ်ထုတ်ဝေမယ့် ငွေစက္ကူတွေရဲ့ ဒီဇိုင်းပိုင်းကတော့ လက်မှတ်နေရာတွေမှာ အပြောင်းအလဲ ဖြစ်သွားတာကလွဲရင် ကျန်တာ ထူးထူးခြားခြား ကွာဟသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။