Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကိုအမေရိကန်ဆက်ပိတ်ထားရင် ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင်လယ် နဲ့ ပင်လယ်နီ လုံခြုံရေးကို အာမမခံဘူးလို့ အီရန်ခြိမ်းခြောက်

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက်
ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဧပြီ-၁၅၊၂၀၂၆။People’s Spring

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက်ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်ဟာ အီရန်ရဲ့ ဆိပ်ကမ်းတွေဆီ အဝင်အထွက် ပြုလုပ်တဲ့ ရေကြောင်း သွားလာမှုတွေကို တားဆီးဖို့အတွက် ဧပြီ ၁၃ ရက်နေ့ကစပြီး ဟောမုဇ် ရေလက်ကြားကို စစ်အင်အားသုံး ပိတ်ဆို့ထားလိုက်ပါတယ်။

အီရန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို စစ်ရေးအရ ချိတ်ဆက် ကွပ်ကဲရတဲ့ အမြင့်ဆုံး စစ်ဌာနချုပ်ဖြစ်တဲ့ ခါတမ် အယ်လ် အန်ဘီယာ ဌာနချုပ် အကြီးအကဲ အလီ ဘက်ဒိုလာဟီက အမေရိကန်ရဲ့ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုဟာနှစ်နိုင်ငံ လက်ရှိ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို စတင် ချိုးဖောက်တဲ့ အဓိပ္ပါယ်ဖြစ်လာနိုင်ကြောင်း သတိ
ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ရေလမ်းကြောင်းပိတ်ဆို့မှုဟာ အီရန်ရဲ့ အရပ်ဖက် ရေယာဉ်တွေနဲ့ ရေနံတင် သင်္ဘောတွေရဲ့ လုံခြုံရေးကို ထိပါးလာစေပြီး အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်တဲ့ကနဦး လုပ်ဆောင်ချက်
မျိုး ဖြစ်လာနေတယ်လို့ ဘက်ဒိုလာဟီက ပြောပါတယ်။

ဒါ့အပြင်အမေရိကန်ဖက်က အခုလို ဆက်လုပ်နေဦးမယ် ဆိုရင် အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ပါရှန်းပင်လယ်ကွေ့၊အိုမန်ပင်လယ်နဲ့ ပင်
လယ်နီ ရေလမ်းကြောင်းတွေဆီက ပို့ကုန်သွင်းကုန် လုပ်ဆောင်မှုတွေကို ခွင့်မပြုတော့တဲ့ အကျိုးဆက်မျိုးတွေ ရှိလာနိုင်တယ်လို့လည်း သူက ခြိမ်း
ခြောက်ခဲ့ပါတယ်။

သူကဘယ်နိုင်ငံတွေရဲ့ပို့ကုန်သွင်းကုန် ရေကြောင်းပို့ဆောင်မှုတွေကိုအီရန်ကပစ်မှတ်ထားဖို့ ရည်ရွယ်ထားသလဲ ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။ဘက်ဒိုလာဟီ ရည်ညွှန်းသွားတဲ့ ပင်လယ်တွေဟာ အရမ်းကျယ်ပြန့်တဲ့ ရေထုပမာဏကိုခြုံငုံထားတာ ဖြစ်ပါတယ်။

ဧပြီလ၁၅ရက်နေ့မှာတော့ အမေရိကန်ကဟောမုဇ် ရေလက်ကြားကိုပိတ်ဆို့ထားတဲ့ပထမဆုံး၂၄ နာရီအတွင်း ဘယ်သင်္ဘောမှာအဲဒီရေလက်ကြောင်းကို မဖြတ်သန်းနိုင်ခဲ့ကြောင်း၊ရေလက်ကြားကို ဖြတ်
သန်းခဲ့တဲ့အရပ်ဖက်ရေယာဉ် ၆ စီးကိုလည်းအမေရိကန်ရေတပ်ကနောက်ကြောင်းပြန်လှည့်ဖို့အမိန့်ပေးခဲ့ကြောင်းအမေရိကန်စစ်တပ်ကကြေညာထားပါတယ်။

အမေရိကန်နဲ့ အီရန်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပထမဆုံး အဆင့်ဟာ သဘောတူညီမှု မရဘဲ ပြီးဆုံးခဲ့ပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထ
ရမ့်ကတော့ အခုသီတင်းပတ်ထဲမှာ နှစ်နိုင်ငံကြား ဒုတိယအကြိမ်တွေ့ဆုံမှုမျိုးရှိလာနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ဂါအီကလည်း ပါကစ္စတန် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အမေရိကန်နဲ့ အီရန်ကြား သတင်းစကား အပြန်အလှန် ပေးပို့မှုတွေ ဆက်ရှိနေဆဲလို့ အတည်ပြုထားပါတယ်။

ကိုးကား- Al Jazeera
ဓါတ်ပုံ-Reuters

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook