Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှုံးပေးအောင် ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးကိုမှ လက်မခံနိုင်ဘူးလို့ အီရန် သမ္မတပြော

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

ဧပြီ -၁၅ ၊၂၀၂၆

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

လက်လျှော့ အရှုံးပေးရမယ် ဆိုတာမျိုး အီရန်ကို ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို ကျိန်းသေပေါက် ကျဆုံးမှာ ဖြစ်ကြောင်း၊ အီရန်ဟာ အဲဒီလို ချဉ်းကပ်မှုတွေကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်း သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက ဆိုပါတယ်။

သူဟာ ဧပြီ ၁၅ ရက်နေ့တုန်းက တဟီရန် မြို့တော်မှာ အစိုးရအဖွဲ့တွင်း အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပပြီးချိန်မှာ အခုလို သဘောထားမှတ်ချက် ပေးလားခဲ့တာပါ။

Public Service Announcement

Public Service Announcement

အီရန်ဟာ စစ်ဖြစ်ဖို့၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဖို့ ဘယ်တုန်းကမှ မလိုလားခဲ့ကြောင်း၊ အီရန်ဟာ နိုင်ငံတော်တော်များများနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ ထိတွေ့ဆက်ဆံမှုတွေကို အမြဲတမ်း အလေးပေးခဲ့ကြောင်းလည်း သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပျက်ပြယ်ခဲ့တဲ့ အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်လာဖွယ် ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့တဲ့နောက် ပက်ဇက်ရှ်ခန်းက အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ လာမယ့် နှစ်ရက်လောက်အတွင်း အီရန်နဲ့ အမေရိကန် ဆွေးနွေးပွဲ ပြန်စနိုင်ခြေ ရှိတယ်လို့ ထရမ့်က ပြောကြားထားပြီး အဲဒီကိစ္စကိုတော့ အီရန်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လက်ရှိမှာ အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားပြီး တကယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေသာ မအောင်မြင်ရင် အဲဒီကာလ ကုန်လွန်ချိန်မှာ စစ်ပွဲပြန်လည် စတင်လာနိုင်ခြေ ရှိနေပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ အီရန် စစ်ပွဲဟာ ပြီးဆုံးဖို့ အရမ်းနီးကပ်နေပါပြီလို့ ပြောကြားခဲ့ပါတယ်။ စစ်ပွဲ ဘယ်အချိန် ပြီးဆုံးနိုင်မလဲလို့ Foxက မေးတဲ့အခါ ထရမ့်က ပြီးဖို့ နီးနေပြီလို့ သူထင်ကြောင်း၊ အရမ်းကို နီးကပ်နေပြီလို့ သူယူဆကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား – BBC ၊ ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook