Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်တင်သင်္ဘော စီးနင်းခံရမှုအတွက် အမေရိကန်ကို လက်တုံ့ပြန်မယ်လို့ အီရန် သတိပေး

အီရန် ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်က ပစ်ခတ်ဟန့်တားပြီး ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေး ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန် ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်က ပစ်ခတ်ဟန့်တားပြီး ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပင်လယ်ကွေ့ ဒေသမှာ အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ အမေရိကန် ရေတပ်ဟာ သတိပေးမှုတွေကို မလိုက်နာဘဲ ရှေ့တိုးလာတဲ့ Touska သင်္ဘောကို ပစ်ခတ်ပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ဧပြီ ၁၉ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် အီရန်ကလည်း အိုမန်ပင်လယ်ထဲမှာ နိုင်ငံရဲ့ သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ပြီး ထိန်းချုပ်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပြီး အဲဒီ လုပ်ရပ်ဟာ နှစ်နိုင်ငံကြား ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အတိအလင်း ချိုးဖောက်မှု မြောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

နောက်တော့ အီရန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်ဖြစ်တဲ့ ခါတမ် အယ်လ် အန်ဘီယာက အမေရိကန်ရဲ့ လုပ်ရပ်အတွက် အီရန်ဟာ ကျိန်းသေပေါက် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ ထုတ်ပြန်ချက်ဟာ အရှေ့အလယ်ပိုင်းမှာ လက်ရှိ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကိုပါ လှုပ်ခတ်လာစေပြီး အကျိုးဆက် အနေနဲ့ ရေနံစျေးတွေလည်း ပြန်တက်လာပါတယ်။

အီရန် အစိုးရ သတင်းဌာနကတော့ အီရန်ရေယာဉ်ကို မရိန်းတပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး စီးနင်းခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို လက်နက်ကိုင် ပင်လယ်ဓားပြမှုအဖြစ် သုံးနှုန်း ရှုတ်ချခဲ့ပါတယ်။ အဲဒီ ပင်လယ်ဓားပြမှုနဲ့ ပတ်သက်လို့လည်း အီရန်ရဲ့ လက်နက်ကိုင် တပ်တွေက မကြာခင် လက်တုံ့ပြန်မယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)ကတော့ Touskaကို ရှေ့ဆက်တိုးမလာဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီး မလိုက်နာတဲ့အတွက် ခြောက်နာရီ ကြာပြီးမှသာ စီးနင်းမှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ USS Spruance စစ်သင်္ဘောဟာ အီရန်အလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောရဲ့ ခုတ်မောင်းမှုစနစ် (အင်ဂျင်ခန်း)ကို ဖျက်ဆီးခဲ့ပြီး USS Tripoli ကမ်းတက်ချေမှုန်းရေး စစ်ရေယာဉ်ပေါ်မှာ ရှိနေတဲ့ မရိန်းတပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ဆင်းပြီး သင်္ဘောကို ထိန်းချုပ်ခဲ့တယ်လို့ CENTCOMက ဆိုပါတယ်။

ပင်လယ်ကွေ့ ဒေသမှာ ရှိနေတဲ့ အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့အတွက် အမေရိကန်က ဟောမုဇ်ရေလက်ကြားနားမှာ ရေတပ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားပါတယ်။ အီရန်က ဒီလုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲထားပြီး ထရမ့်ကတော့ ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခု မရမချင်း ရေတပ်ရဲ့ ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။