Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ခရီးစဉ် ပြီးဆုံးပြီးတဲ့နောက် ဘာမြူဒါနိုင်ငံဆီ ချားလ်စ်ဘုရင် သွားရောက်

အမေရိကန် ခရီးစဉ် အပြီးမှာတော့ ဗြိတိန်ဘုရင် ချားလ်စ်ဟာ ဘာမြူဒါနိုင်ငံကို ဆက်လက် သွားရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် ခရီးစဉ် အပြီးမှာတော့ ဗြိတိန်ဘုရင် ချားလ်စ်ဟာ ဘာမြူဒါနိုင်ငံကို ဆက်လက် သွားရောက်ခဲ့ပါတယ်။

ဧပြီ ၃၀ ရက်နေ့က ချားလ်စ်ဘုရင်ဟာ မြောက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာထဲက ဗြိတိန် လက်အောက်ခံ ကျွန်းနိုင်ငံငယ်လေးဆီ လေကြောင်းကနေ ဆိုက်ရောက်လာခဲ့ပါတယ်။

ချားလ်စ်ဘုရင်နဲ့ ကြင်ရာတော် ကယ်မီလာတို့ဟာ ၄ ရက်ကြာ အမေရိကန် ခရီးစဉ်ကို ဗာဂျီးနီးယား ပြည်နယ်မှာ အဆုံးသတ်ခဲ့တဲ့နောက် ချားလ်စ်ဘုရင်က ဘာမြူဒါဆီ ခရီးဆက်ခဲ့တာပါ။ အဲဒီ ခရီးစဉ်မှာတော့ ကယ်မီလာ လိုက်ပါမလာခဲ့ပါဘူး။

ချားလ်စ်ဘုရင်ဟာ ဘာမြူဒါရဲ့ မြို့တော် ဟယ်လ်မီတန်ကို သိုသိုသိပ်သိပ်ပဲ ရောက်ရှိလာခဲ့ပြီး မေလ ၁ ရက်နေ့ကျမှ သူ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားတွေကို တက်ရောက်ဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ချားလ်စ်နဲ့ ကာမီလာတို့ဟာ ကိန်းကြီးခန်းကြီးနိုင်ပြီး သံတမန်ရေးအရ အရေးကြီးတဲ့ ၃ ရက်တာကို ဝါရှင်တန်ဒီစီမှာ ဖြတ်သန်းခဲ့ပေမယ့် ဗာဂျီးနီးယားမှာတော့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးခဲ့ပြီး ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဗြိတိန် တော်ဝင်မိသားစုရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးကို အထူးတင်းကျပ်ထားလေ့ ရှိပေမယ့် ဗာဂျီးနီးယားမှာတော့ အမေရိကန် ပြည်သူတွေနဲ့ ပထမဆုံးအကြိမ် တိုက်ရိုက် တွေ့ဆုံခဲ့ပြီး လူထုကလည်း ချားလ်စ်နဲ့ ကာမီလာကို နွေးနွေးထွေးထွေး အော်ဟစ် ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

အမေရိကန်ကနေ ဘာမြူဒါဆီ ခရီးဆက်လာတဲ့ နောက်မှာတော့ ချားလ်စ်ဘုရင်ကို ဟယ်လ်မီတန်မှာရှိတဲ့ အယ်လ်အက်ဖ် ဝိတ်ဒ် နိုင်ငံတကာ လေဆိပ်မှာ ဗြိတိန် အစိုးရ ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူး အန်ဒရူး မားဒေါ့ချ်၊ ဘာမြူဒါ ဝန်ကြီးချုပ် ဒေးဗစ် ဘာ့ထ်နဲ့ တခြားအရာရှိတွေက ကြိုဆိုခဲ့ကြပါတယ်။

ဘာမြူဒါ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ချားလ်စ်ဘုရင်ဟာ မေလ ၁ ရက်နေ့ ညနေပိုင်းကျရင် သေနတ် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုမှု အပါအဝင် နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုပွဲတွေကို တက်ရောက်မယ်လို့ ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။