Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ဘေကျင်းမြို့တော်ဆီထရမ့်ရောက်ရှိလာ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဒီနေ့ ( မေလ ၁၃ရက် )ညနေပိုင်းမှာ တရုတ်နိုင်ငံ၊ဘေကျင်းမြို့တော်ဆီသမ္မတစီးတော်ယာဉ် Airforce One လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဒီနေ့ ( မေလ ၁၃ရက် )ညနေပိုင်းမှာ တရုတ်နိုင်ငံ၊ဘေကျင်းမြို့တော်ဆီသမ္မတစီးတော်ယာဉ် Airforce One လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

မေ – ၁၃ ၊၂၀၂၆

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဒီနေ့ ( မေလ ၁၃ရက် )ညနေပိုင်းမှာ တရုတ်နိုင်ငံ၊ဘေကျင်းမြို့တော်ဆီသမ္မတစီးတော်ယာဉ် Airforce One လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

ထရမ့်ကိုတရုတ်ဒုတိယသမ္မတကလေယာဉ်ကွင်းမှာလာရောက်ကြိုဆိုတာတွေ့ရပါတယ်။

ထရမ့်ရဲ့ခရီးစဉ်ဟာမေလ ၁၃ရက်ကနေ၁၅ ရက်အထိကြာမြင့်မှာဖြစ်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတနှစ်ဦးဟာအီရန်စစ်ပွဲအရေး၊ထိုင်ဝမ်ကိစ္စ၊ဉာဏ်ရည်တုနည်းပညာ (AI) အနာဂတ်၊ နျူကလီးယား စစ်လက်နက်တွေ ထိန်းချုပ်မှု စတဲ့ကဏ္ဍပေါင်းစုံကို ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ ဆင်ဟွာက ဆိုပါတယ်။

အမေရိကန်မှာထရမ့်ဒုတိယအကြိမ်သမ္မတဖြစ်လာတဲ့နောက်တရုတ်အပေါ်ပစ်မှတ်ထားဖိအားပေးတဲ့ကုန်သွယ်ရေးမူဝါဒတွေကျင့်သုံးခဲ့တာကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

နောက်တော့ထရမ့်နဲ့ ရှီတို့နှစ်ဦးသားမျက်နှာစုံညီစည်းဝေးခဲ့ပြီးကုန်သွယ် ရေးအရ ဆက်ဆံရေး အေးစက်နေမှုတွေကို ပြန်လည် တည်ငြိမ်အောင် ကုစားနိုင်ဖို့ သဘောတူခဲ့ကြပါတယ်။

အခုတစ်ခေါက်တွေ့ဆုံမယ့်ကိစ္စဟာခြောက်လအတွင်းပထမဆုံးအကြိမ် သူတို့နှစ်ဦး လူချင်းတွေ့ပြီး စကားပြောဆိုမှုလည်း ဖြစ်လာမှာပါ။

ထရမ့်ဟာမေလ ၁၃ ရက်နေ့မှာဘေဂျင်းကိုရောက်ရှိပြီး ၁၄ရက် နဲ့ ၁၅ ရက်တွေမှာတော့ရှီနဲ့ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ပြီးတော့ဒါဟာ ၂၀၁၇ နောက်ပိုင်း သူ့ရဲ့ပထမဆုံးအကြိမ်တရုတ်မြေမှာခြေချမှုအနေနဲ့လည်း မှတ်တမ်းဝင်လာမှာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။