Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ရှီရဲ့ ထိပ်သီး ဆွေးနွေးပွဲ ဒီနေ့စတင်ဖို့ စီစဉ်ထား

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီနေ့ စတင်တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီနေ့ စတင်တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ထရမ့်ဟာ မေလ ၁၃ ရက်နေ့က ဘေဂျင်းမြို့တော်ဆီက လေကြောင်းကနေ ဆိုက်ရောက်လာခဲ့ပြီး တရုတ် အစိုးရက တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက် တရုတ်-အမေရိကန် ထိပ်သီး အစည်းအဝေးကိုတော့ မေလ ၁၄ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားတာပါ။

ထရမ့်နဲ့ ရှီတို့ဟာ ဘေဂျင်းစံတော်ချိန် မနက် ၁၀း၀၀ နာရီလောက်မှာ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး စူပါပါဝါ နိုင်ငံကြီး နှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ မေလ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ထိပ်သီး အစည်းအဝေးမှာတော့ အီရန်စစ်ပွဲကိစ္စ၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးစတဲ့ ကဏ္ဍပေါင်းစုံကို ညှိနှိုင်းကြဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၁၄ ရက် ညနေပိုင်းမှာတော့ ထရမ့်ကို ရှီက နိုင်ငံတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံဖို့လည်း စီစဉ်ထားပါတယ်။ ထရမ့်ဟာ ရှေးဟောင်း တရုတ် ဧကရာဇ်တွေ ဝတ်ပြုခဲ့ရာ နေရာဖြစ်ပြီး ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ် ခံထားရတဲ့ ကောင်းကင်ဘုံ ဘုရားကျောင်းကိုလည်း သွားရောက် လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

မေလ ၁၅ ရက်နေ့မှာတော့ ရှီက ထရမ့်ကို လက်ဖက်ရည်ဝိုင်းနဲ့ ဧည့်ခံပြီး နေ့လယ်စာလည်း အတူသုံးဆောင်မှာပါ။ အဲဒီနောက်မှာတော့ ထရမ့်ဟာ ဝါရှင်တန်ဒီစီကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

မေလ ၁၃ ရက်နေ့မှာ ထရမ့်ဟာ အမေရိကန်ရဲ့ ထိပ်တန်း စီးပွားရေးနဲ့ နည်းပညာ လုပ်ငန်းရှင်တွေ၊ စီးပွားရေး ပညာရှင်တွေနဲ့အတူ သမ္မတ စီးတော်လေယာဉ် Air Force Oneကို စီးနင်းပြီး တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့တာပါ။

ထရမ့်ကို တရုတ်က ကော်ဇောနီခင်း ကြိုဆိုခဲ့ပြီး အဖြူရောင် ယူနီဖောင်းတွေ ဝတ်ထားတဲ့ တရုတ်လူငယ် ၃၀၀ လောက်က ကြိုဆိုကြောင်း သံပြိုင် အော်ဟစ်နေခဲ့တာကို တွေ့ရပါတယ်။

ဒါဟာ အမေရိကန် သမ္မတ တစ်ဦးက ဘေဂျင်းကို ဆယ်စုနှစ် တစ်ခုနီးပါး အကြာမှာ ပထမဆုံးအကြိမ် ခြေချခြင်းလည်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတ တစ်ဦးရဲ့ နောက်ဆုံးအကြိမ် ဘေဂျင်း အလည်အပတ် ခရီးစဉ်ဟာ ၂၀၁၇ တုန်းကဖြစ်ပြီး ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းမှာပါ။ အဲဒီတုန်းက သမ္မတကတော် မယ်လာနီယာထရမ့် လိုက်ပါလာခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘေဂျင်းကို လိုက်မလာခဲ့ပါဘူး။

သူ့ရဲ့ လက်ရှိ ခရီးစဉ်မှာတော့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို ပိုပြီး လက်ခံပေးဖို့၊ လမ်းဖွင့်ပေးဖို့ တရုတ် အစိုးရကို ဖိအားပေး တောင်းဆိုနိုင်ရေး ရည်ရွယ်ထားကြောင်း ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။