Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် လက်တွဲ အလုပ်လုပ်သင့်တယ်လို့ ထရမ့်ကို ရှီကျင့်ဖျင်ပြော

တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် အတူလက်တွဲ အလုပ်လုပ်သင့်ကြောင်း ဧည့်သည်တော် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် အတူလက်တွဲ အလုပ်လုပ်သင့်ကြောင်း ဧည့်သည်တော် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ဘေဂျင်းမြို့တော် ခရီးစဉ် အတောအတွင်း မေလ ၁၄ ရက် မနက်ပိုင်းမှာ ရှီနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေး၊ အီရန်စစ်ပွဲကိစ္စ၊ ထိုင်ဝမ်အရေးစတဲ့ ကဏ္ဍတွေ အတော်များများအတွက် ညှိနှိုင်းကြဖို့ စီစဉ်ထားပါတယ်။

ရှီနဲ့ ဆွေးနွေးဖို့အတွက် ဘေဂျင်းမြို့ရဲ့ ပြည်သူ့ခန်းမဆောင်ဆီ ရောက်ရှိလာချိန်မှာ ထရမ့်က သူဟာ ရှီနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရတာကို အရမ်းဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။ ရှီကလည်း သူတို့နှစ်ဦးဟာ ပြိုင်ဘက်တွေ ဖြစ်နေမယ့်အစား မိတ်ဖက်တွေ ဖြစ်သင့်တာလို့ တုံ့ပြန်ခဲ့ပါတယ်။

ထရမ့်ကို ရှီက တရင်းတနှီး လက်ဆွဲနှုတ်ဆက်ခဲ့သလို သမ္မတ နှစ်ဦးဟာ ဂုဏ်ပြုတပ်ဖွဲ့ကိုလည်း စစ်ဆေးခဲ့ကြပါတယ်။ ပြီးတော့ တရုတ် စစ်တီးဝိုင်းကလည်း နှစ်နိုင်ငံ နိုင်ငံတော် သီချင်းတွေကို တီးမှုတ်ခဲ့ကြပါတယ်။ ကော်ဇောနီ လျှောက်လမ်း တလျှောက်မှာ ကလေးငယ်တွေက ပန်းစည်းတွေ၊ နှစ်နိုင်ငံ အလံတွေကို ဝှေ့ယမ်းရင်း ထရမ့်ကို နှုတ်ဆက်နေတာကိုလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကို ဧည့်ခံကြိုဆိုတဲ့ သူ့ရဲ့ အဖွင့်စကားမှာတော့ ဒီအစည်းအဝေးကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမှာ ဖြစ်ကြောင်း၊ ကမ္ဘာ့ရေးရာတွေဟာ ရာစုနှစ် တစ်ခုအတွင်း ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ အရှိန်အဟုန်မျိုးနဲ့ ပြောင်းလဲနေကြောင်း ရှီက ပြောကြားခဲ့ပါတယ်။

ရှိရင်းစွဲ စူပါပါဝါနဲ့ အင်အားကြီးလာတဲ့ စူပါပါဝါ အသစ်ကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ အခြေအနေကို အမေရိကန်နဲ့ တရုတ်တို့က ရှောင်ရှားပြီး စံနမူနာ ပြုရမယ့် ဆက်ဆံရေးမျိုး ဖန်တီးနိုင်မလား၊ နိုင်ငံတကာ စိန်ခေါ်မှုတွေကို အတူပူးပေါင်း ဖြေရှင်းပြီး ပိုမိုတည်ငြိမ်တဲ့ ကမ္ဘာကြီးကို ဆောင်ကြဉ်းနိုင်မလား၊ နှစ်နိုင်ငံ ပြည်သူတွေ၊ လူသားမျိုးနွယ်ရဲ့ အနာဂတ်နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် တောက်ပတဲ့ အနာဂတ်တွေကို တည်ဆောက်နိုင်မလား ဆိုတာတွေကို အဖြေရှာဖို့ လိုနေပြီလို့လည်း ရှီက ဆိုပါတယ်။

ရှီက အမေရိကန်ရဲ့ လွတ်လပ်ရေး နှစ်ပေါင်း ၂၅၀ ပြည့် ကာလအတွက်လည်း ဂုဏ်ပြုကြောင်း ထရမ့်ကို ပြောကြားခဲ့ပါတယ်။ သူက တရုတ်နဲ့ အမေရိကန်တို့မှာ ကွဲပြားမှုတွေထက် တူညီမှုတွေက ပိုများတယ်လို့ အမြဲတမ်း ယုံကြည်ခဲ့ကြောင်း၊ နှစ်နိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ကောင်းကျိုးတွေ ပိုရယူသင့်ပြီး ပဋိပက္ခတွေကြောင့် ဆုံးရှုံးမှုတွေပဲ ဖြစ်လာနိုင်ကြောင်းလည်း ရှီက မှတ်ချက်ပေးသွားပါတယ်။

ထရမ့်ကလည်း ရှီနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရတာကို ဂုဏ်ယူကြောင်း၊ ရှေ့ဆက်ပြီးလည်း ခက်ခဲတဲ့ အခြေအနေတွေကို အတူဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း၊ လိုအပ်ရင် သူက ရှီ့ဆီကို ဖုန်းခေါ်မှာဖြစ်ပြီး ရှီကလည်း သူ့ကို ဖုန်းခေါ်သင့်ကြောင်း၊ တကယ်တမ်းဆိုရင် နှစ်ဖက်ကြားမှာ ပြဿနာတွေ ရှိလာတာနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ခဲ့ကြတယ် ဆိုတာကို လူတွေ မသိကြကြောင်း ပြောပါတယ်။ သူက ရှီဟာ တကယ့် ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ လူတိုင်းကို ပြောပြလေ့ ရှိတယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ထရမ့်က သူနဲ့အတူ ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ခေါ်ဆောင်လာခဲ့ကြောင်း၊ ရှီကို လေးစားမှု ထားရာရောက်မယ့် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တွေချည်းပဲ ဖြစ်ကြကြောင်း၊ အခုဆွေးနွေးမှုဟာ အကြီးကျယ်ဆုံး ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမှာ သေချာကြောင်း တုံ့ပြန်ခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာလည်း ဘယ်တုန်းကမှနဲ့ မတူအောင် ကောင်းမွန်လာတော့မှာ ဖြစ်တယ်လို့လည်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။