Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွတ်လပ်ရေး ကြေညာဖို့ မစဉ်းစားသင့်ကြောင်း ထိုင်ဝမ်ကို ထရမ့် သတိပေး

လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တရားဝင် ကြေညာတာမျိုး မလုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထိုင်ဝမ် အစိုးရကို သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - The New York Times

လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တရားဝင် ကြေညာတာမျိုး မလုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထိုင်ဝမ် အစိုးရကို သတိပေးလိုက်ပါတယ်။

ဘေဂျင်းမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်ရက်ဆက်တိုက် ဆွေးနွေးမှုတွေအပြီး နာရီပိုင်း အကြာမှာပဲ Foxနဲ့ အင်တာဗျူးမှာ ထရမ့်က အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က လွတ်လပ်ရေး ကြေညာဖို့ လုပ်နေတာမျိုးကို သူသဘောမကျဘူးလို့ ထရမ့်က ဆိုပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို နိုင်ငံရဲ့ ပိုင်နက်နယ်မြေ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ရပ်တည်ဖို့ကိုပဲ ပိုမို လိုလားပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ် ပြုမထားပေမယ့် မဟာမိတ် ဆက်ဆံရေးမျိုး ထူထောင်ထားသလို ထိုင်ဝမ်အတွက် စစ်လက်နက်တွေကိုလည်း အဓိက ထောက်ပံ့ရောင်းချပေးနေပါတယ်။

ထိုင်ဝမ် သမ္မတ လိုင်ချင်တေးကတော့ ထိုင်ဝမ်ဆိုတာ ကိုယ်ပိုင် အချုပ်အခြာ အာဏာနဲ့ ရပ်တည်ပြီးသား နိုင်ငံတစ်ခု ဖြစ်နှင့်နေတာကြောင့် သီးခြား လွတ်လပ်ရေး တရားဝင် ကြေညာစရာ မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ လိုင်နဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားမျိုး ရှိနေပြီး ပြဿနာရှာသူ၊ ဂြိုဟ်မွှေသူ၊ ခွဲထွက်ရေးဝါဒီစတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန် ပုတ်ခတ်လေ့ ရှိပါတယ်။

လူထုအမြင် စစ်တမ်းတွေမှာတော့ ထိုင်ဝမ်ပြည်သူ အများစုဟာ လက်ရှိ အခြေအနေကို လက်ခံထားပြီး တရုတ်လက်အောက်ခံ မဟုတ်တဲ့ သီးခြားနိုင်ငံအဖြစ် ယူဆထားကြပါတယ်။ ထိုင်ဝမ်ပြည်သူ အများစုက တရုတ်နဲ့ အလုံးစုံ ပေါင်းစည်းရေးကိုရော၊ တရားဝင် လွတ်လပ်ရေး ကြေညာမှုကိုပါ မထောက်ခံကြပါဘူး။

Foxနဲ့ အင်တာဗျူးမှာတော့ ထရမ့်က ထိုင်ဝမ် အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ မူဝါဒတွေမှာ ကြီးကြီးမားမား ပြောင်းလဲတာတော့ မရှိနိုင်ကြောင်း ဆိုပါတယ်။ တရုတ်နိုင်ငံထိ မိုင်ပေါင်း ၉၅၀၀ လောက် ခရီးနှင်လာတာဟာ တရုတ်နဲ့ မူဝါဒရေးရာ စစ်ဆင်နွှဲဖို့ မဟုတ်ကြောင်း၊ သူလည်း အဲဒီလိုမျိုး စဉ်းစားမထားကြောင်း၊ တရုတ်ကို စိတ်အေးလက်အေးပဲ ဖြစ်သွားစေချင်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

ဘေဂျင်းကနေအပြန် သမ္မတရဲ့ စီးတော်လေယာဉ် Air Force Oneပေါ်မှာတော့ ထရမ့်က သူနဲ့ ရှီတို့ဟာ ထိုင်ဝမ်ကိစ္စအတွက် အများကြီး ဆွေးနွေးဖြစ်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြုံလာရင် ထိုင်ဝမ်ကို အမေရိကန်က ကူညီ ကာကွယ်ပေးမှာလားဆိုတဲ့ မေးခွန်းကိုတော့ သူက မဖြေခဲ့ပါဘူး။

ထိုင်ဝမ်နဲ့ ပတ်သက်ပြီး သမ္မတရှီရဲ့ ခံယူချက်တွေက အရမ်း ပြတ်သား ခိုင်မာကြောင်း၊ သူဟာ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုတိုင်းကို အလိုမရှိကြောင်း ထရမ့်က ဆိုပါတယ်။

အစောပိုင်းတုန်းက ဘေဂျင်းမှာ ရှီကလည်း ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးအကြီးဆုံး ကဏ္ဍကနေ ပါဝင်နေတယ်လို့ သတိပေးထားခဲ့ပါသေးတယ်။ ဒါ့အပြင် ထိုင်ဝမ်ကိစ္စမှာ အမေရိကန် အကိုင်အတွယ်မှားရင် စူပါပါဝါ နှစ်နိုင်ငံကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်သလို အခန့်မသင့်ရင် ပဋိပက္ခ အဆင့်ထိ ကျယ်ပြန့်သွားနိုင်တယ်လို့ ရှီက ပြောခဲ့ပါတယ်။

သတင်းထောက်တွေက ထိုင်ဝမ်ကိစ္စကို အကြောင်းပြုပြီး အမေရိကန်ဟာ တရုတ်နဲ့ ပဋိပက္ခတစ်ခု ဖြစ်လာနိုင်ခြေ ရှိသလားလို့ မေးတဲ့အခါ ထရမ့်က မဖြစ်နိုင်ကြောင်း၊ သူတော့ မထင်ကြောင်း၊ အခြေအနေတွေက အဆင်ပြေမယ်လို့ သူယူဆပြီး ရှီကလည်း စစ်ပွဲတစ်ခုကို လိုလားမှာ မဟုတ်ကြောင်း ပြန်ဖြေသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။