Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်ဆီ ရောက်လာတဲ့ ပျားအုပ်ကြီး

အမေရိကန် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်ဟာ ပြည်တွင်းပြည်ပ ဧည့်သည်တွေ လာရောက် လည်ပတ်လေ့ရှိတဲ့ အထင်ကရ နေရာတစ်ခုပါ။ ဒါပေမဲ့ မေလ ၁၅ ရက်နေ့မှာတော့ မျှော်လင့်မထားဘဲ အရေအတွက် ထောင်ချီ များပြားတဲ့ ဧည့်သည်တွေက အိမ်ဖြူတော်ဆီ ရောက်လာပါတယ်။ အဲဒါတွေကတော့ ပျားတွေပါပဲ။

ဓာတ်ပုံ - Fox News Digital

အမေရိကန် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်ဟာ ပြည်တွင်းပြည်ပ ဧည့်သည်တွေ လာရောက် လည်ပတ်လေ့ရှိတဲ့ အထင်ကရ နေရာတစ်ခုပါ။ ဒါပေမဲ့ မေလ ၁၅ ရက်နေ့မှာတော့ မျှော်လင့်မထားဘဲ အရေအတွက် ထောင်ချီ များပြားတဲ့ ဧည့်သည်တွေက အိမ်ဖြူတော်ဆီ ရောက်လာပါတယ်။ အဲဒါတွေကတော့ ပျားတွေပါပဲ။

အိမ်ဖြူတော် ခြံဝင်းထဲမှာ အရင်က ပျားတွေ မွေးထားတဲ့ လူလုပ်ပျားအုံ နှစ်ခုရှိပြီး မကြာသေးခင်မှာတော့ သမ္မတကတော် မယ်လာနီယာ ထရမ့်က နောက်ထပ် နှစ်ခု ထပ်ပြီး တိုးချဲ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော်မှာ ထုတ်လုပ်တဲ့ ပျားရည်ကို နိုင်ငံတော် ညစာစားပွဲတွေမှာ တည်ခင်းလေ့ ရှိပါတယ်။

မေလ ၁၅ ရက်နေ့မှာတော့ အိမ်ဖြူတော်ရဲ့ မြောက်ဖက် ကပ်လျက်နေရာက မြက်ခင်းမှာ ပျားတွေ အုံလိုက်ကျင်းလိုက် ရောက်လာကြလို့ အမှုထမ်းတွေ အံ့ဩခဲ့ကြပါတယ်။ ပျားတွေဟာ မိနစ် ၂၀ လောက်ထိ တဝီဝီ ပျံသန်းနေကြပြီးတဲ့နောက် အနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာ စီစဉ်ပေးထားတဲ့ ပျားအုံမှာ သွားပြီး နားခိုကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အိမ်ဖြူတော် တဝိုက်မှာ ပျားတွေကို တွေ့ရလေ့ရှိပေမယ့် အခုလိုမျိုး အိမ်ဖြူတော် ပင်မ အဆောက်အအုံနားထိ အုံနဲ့ကျင်းနဲ့ ရောက်လာတာမျိုးကတော့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။ အိမ်ဖြူတော်မှာ ပျားတွေ အုပ်လိုက် ရောက်နေတဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားတဲ့နောက် တချို့ကတော့ ပျားတွေဟာ သူတို့ရဲ့အိမ်နဲ့ တကယ့် အိမ်ဖြူတော်ကို အမှတ်မှားသွားတာလည်း ဖြစ်နိုင်တယ်လို့ အရွှန်းဖောက်ခဲ့ကြပါတယ်။ မကြာသေးခင်က အိမ်ဖြူတော် တောင်ဖက် မြက်ခင်းမှာ မယ်လာနီယာက ထားရှိစေခဲ့တဲ့ လူလုပ် ပျားအုံတစ်ခုဟာ အိမ်ဖြူတော် ပုံစံငယ်အတိုင်း တည်ဆောက်ထားတာပါ။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP

မကြုံစဖူး ပျားတွေက အိမ်ဖြူတော်ဆီ အုံလိုက်ကြီး ရောက်လာတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ အိမ်ဖြူတော်ဖက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လဆန်းပိုင်းက အိမ်ဖြူတော်ဆီ အလည်အပတ် လာရောက်ခဲ့တဲ့ ဗြိတိန် ဘုရင်ချားလ်စ်နဲ့ ကြင်ရာတော် ကယ်မီလာတို့ဟာ တောင်ဖက်မြက်ခင်းမှာ ချဲ့ထွင်ထားတဲ့ ပျားမွေးမြူရေး ဧရိယာဆီ သွားရောက်လည်ပတ်ပြီး အိမ်ဖြူတော်ပုံတူ ပျားအုံကို ကြည့်ရှုခဲ့ပါသေးတယ်။ ချားလ်စ်နဲ့ ကယ်မီလာတို့ဟာ ပျားမွေးမြူခြင်းကို ထောက်ခံသူတွေအဖြစ်လည်း လူသိများပါတယ်။

စုစုပေါင်း ပျားအုံ ၄ အုံထိ ချဲ့ထွင်မွေးမြူထားခြင်းကြောင့် တစ်နှစ်ကို ပျားရည် ပေါင် ၃၀ လောက် ပိုမို ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အဲဒီပျားရည်ကို အိမ်ဖြူတော် ညစာစားပွဲတွေမှာ တည်ခင်းတာ၊ နိုင်ငံတကာ ခေါင်းဆောင်တွေကို လက်ဆောင်ပေးတာ၊ ဒေသခံ စားနပ်ရိက္ခာ ထောက်ပံ့ရေး အလှူအတန်း အဖွဲ့အစည်းတွေဆီ လှူဒါန်းတာတွေအတွက် အသုံးပြုလေ့ ရှိပါတယ်။ နွေရာသီရောက်ရင် ပျားကောင်ရေဟာ ၇၀၀၀၀ လောက်ထိ တိုးပွားသွားပြီး နှစ်စဉ် ပျားရည် ၂၂၅ ပေါင်လောက် ထုတ်လုပ်နိုင်ဖို့လည်း အိမ်ဖြူတော်က မျှော်လင့်နေပါတယ်။

အိမ်ဖြူတော် ဝင်းထဲက ပျားမွေးမြူရေး အစီအစဉ်ကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီတုန်းက အိမ်ဖြူတော်ရဲ့ လက်သမားဆရာ ချာလီဘရန့်ဒ်က ပျားတွေကို ဝါသနာအရ မွေးမြူထားခဲ့တာပါ။ နောက်တော့ သမ္မတကတော် အဆက်ဆက်က တာဝန်ယူ ကြီးကြပ်တဲ့ အစဉ်အလာတစ်ခု ဖြစ်လာပါတယ်။

အိမ်ဖြူတော်ဆီ ပျားအုပ်ကြီး ရောက်လာတဲ့ အချိန်တုန်းက သမ္မတ ဒေါ်နယ်လ်ထရမ့်တော့ ရှိမနေခဲ့ပါဘူး။ အဲဒီအချိန် သူဟာ တရုတ်နိုင်ငံကို သွားရောက်တဲ့ နိုင်ငံတော် အလည်အပတ် ခရီးစဉ် ပြီးဆုံးလို့ အမေရိကန်ဆီ ပြန်လာနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။