Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိုင်အက်စ် ဒုတိယ ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း ထရမ့်ကြေညာ

အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ နိုက်ဂျီးရီးယား တပ်တွေ ပူးပေါင်းပြီး အဘူဘီလယ် အယ်လ် မင်နူကီကို လုပ်ကြံ သတ်ဖြတ်နိုင်ခဲ့ကြောင်း မေလ ၁၅ ရက်နေ့မှာ ထရမ့်က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အမိန့်အရ ရဲရင့်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ၊ ပြီးတော့ နိုက်ဂျီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ အသေးစိတ် ကျလှတဲ့ စစ်ဆင်ရေး တစ်ရပ်ကို အမှားအယွင်းမရှိ၊ ချောချောမွေ့မွေ့ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ မေလ ၁၅ ရက်နေ့က ရေးသားထားခဲ့ပါတယ်။

ဒေ့ရှ်ရဲ့ ဒုတိယ အကြီးအကဲဖြစ်တဲ့ အယ်လ် မင်နူကီ အနေနဲ့ သူဟာ အာဖရိကတိုက်ထဲမှာ ပုန်းအောင်းနေနိုင်မယ်လို့ ထင်နေခဲ့ကြောင်း၊ ဒါပေမဲ့ သူဘာတွေ လုပ်နေသလဲ ဆိုတာကို အမေရိကန်ဆီ အစီရင်ခံနေတဲ့ သတင်းရင်းမြစ်တွေ အကြောင်းကိုတော့ အယ်လ် မင်နူကီက သိမသွားခဲ့ရှာကြောင်း ထရမ့်က ဆိုပါတယ်။ ဒေ့ရှ်ဆိုတာက အိုင်အက်စ်ကို ဒေသတွင်းမှာ သုံးနှုန်းတဲ့ ဝေါဟာရ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အယ်လ် မင်နူကီဟာ ၂၀၂၃ ခုနှစ်ကတည်းက အမေရိကန်ရဲ့ အလိုအရှိဆုံး စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ သူဟာ အခုတော့ အာဖရိက ပြည်သူတွေအပေါ် ဗိုလ်ကျ အကြမ်းဖက်တာ၊ ဒါမှမဟုတ် အမေရိကန် ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် အစီအစဉ်တွေ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။ အယ်လ် မင်နူကီ သေဆုံးခြင်းဟာ ဒေ့ရှ်ရဲ့ နိုင်ငံတကာ စစ်ဆင်ရေး အစီအမံတွေမှာလည်း အကြီးအကျယ် ထိခိုက်သွားစေလိမ့်မယ်လို့ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

အယ်လ် မင်နူကီကို လုပ်ကြံခဲ့တဲ့ မစ်ရှင်ဟာ နိုက်ဂျီးရီးယား ပိုင်နက် တစ်နေရာလို့ပဲ အမေရိကန် ထောက်လှမ်းရေးက ဖော်ပြထားပါတယ်။ ထရမ့်က အခု စစ်ဆင်ရေး အထမြောက်အောင် လက်တွဲ အကူအညီ ပေးခဲ့တဲ့ နိုက်ဂျီးရီးယား အစိုးရကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

အယ်လ် မင်နူကီကို သုတ်သင်လိုက်ကြောင်း ထရမ့်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ အိုင်အက်စ် အဖွဲ့ဖက်ကတော့ လတ်တလောမှာ ဘာမှ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

အမေရိကန်ဟာ အိုင်အက်စ် နှိမ်နင်းရေး မစ်ရှင်အတွက် နိုက်ဂျီးရီးယားမှာ ဒီဇင်ဘာလတုန်းကလည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်ကစလို့ အမေရိကန်ဟာ နိုက်ဂျီးရီးယား နိုင်ငံမှာ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်နဲ့ ဒရုန်းတွေကို ဖြန့်ကျက်ထားသလို အိုင်အက်စ်၊ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး သတင်းတွေကိုလည်း နိုက်ဂျီးရီးယား စစ်တပ်အတွက် ထောက်ပံ့ပေးနေခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။