Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီကျင့်ဖျင်ရဲ့ မှတ်စုစာအုပ်ကို ခိုးဖတ်ခဲ့တယ်လို့ အသားလွတ်ကြီး စွပ်စွဲခံခဲ့ရတဲ့ ထရမ့်

တရုတ်ပြည် ခရီးစဉ် အတောအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ မှတ်စု စာအုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခိုးကြည့်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေဟာ မှားယွင်း စွပ်စွဲချက်တစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။

တရုတ်ပြည် ခရီးစဉ် အတောအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ မှတ်စု စာအုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခိုးကြည့်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေဟာ မှားယွင်း စွပ်စွဲချက်တစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ မေလ ၁၄ ရက်နေ့မှာ တရုတ် အစိုးရက တည်ခင်းတဲ့ နိုင်ငံတော် ညစာစားပွဲမှာ သမ္မတရှီက နေရာက ထသွားတဲ့အချိန် သူနဲ့ ကပ်လျက်မှာ ရှိနေတဲ့ ထရမ့်ဟာ ရှီထိုင်ခဲ့တဲ့ နေရာနားက မှတ်စုစာအုပ်ကို ဖွင့်ပြီး အထဲက စာရွက်တွေကို လှန်လှော ကြည့်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ ပုံရိပ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုက လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့သွားပြီး ရှီရဲ့ မှတ်စုတွေကို ထရမ့်က ခိုးကြည့်ခဲ့တယ်လို့ ခေါင်းစဉ်တပ် စွပ်စွဲ ဖော်ပြမှုတွေ ရှိလာပါတယ်။

အဲဒီ ဗီဒီယိုဟာ လူမှုကွန်ရက် ပလက်ဖောင်း အမျိုးမျိုးမှာ အရမ်းပျံ့နှံ့ ရောက်ရှိသွားပြီး လူပြောများတဲ့ အကြောင်းအရာမျိုး ဖြစ်လာပါတယ်။ ဒါပေမဲ့ သတင်းဌာနကြီးတွေက အချက်အလက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ အခါမှာတော့ မှတ်စုစာအုပ်ရဲ့ တကယ့်ပိုင်ရှင်ဟာ ရှီမဟုတ်ဘဲ ထရမ့်ကိုယ်တိုင် ဖြစ်နေကြောင်း ဖော်ထုတ် တွေ့ရှိလာပါတယ်။ တစ်နည်းအားဖြင့် ထရမ့်ဟာ ကိုယ့်စာအုပ်ကိုယ် လှန်ကြည့်မိပေမယ့် ကျင့်ဝတ်ကင်းမဲ့တဲ့ စပ်စပ်စုစု လုပ်ရပ်မျိုး ကျူးလွန်ကြောင်း စွပ်စွဲခံခဲ့ရတဲ့ သဘောပါပဲ။

ထရမ့်က ရှီရဲ့ မှတ်စုစာအုပ်ကို ခိုးကြည့်ခဲ့ပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်၊ ရုရှား၊ အိန္ဒိယက လူသိများတဲ့ Xနဲ့ TikTok သုံးစွဲသူတွေက အပြိုင်ဖြန့်ဝေကြရာက အရမ်းလူပြောများသွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ CNN သတင်းဌာနကတော့ မှတ်စုစာအုပ်ရဲ့ အနက်ရောင် အဖုံးပေါ်မှာ ရွှေရောင်နဲ့ ရိုက်နှိပ်ထားတဲ့ တံဆိပ်ဟာ အမေရိကန် သမ္မတရဲ့ သင်္ကေတ အမှတ်တံဆိပ် ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

သိပ်မကြာခင်မှာပဲ ထရမ့်က မိန့်ခွန်းပြောဖို့ စင်ပေါ် တက်သွားချိန်မှာ တူညီတဲ့ အဲဒီမှတ်စု စာအုပ်ကိုပဲ လက်ကနေ ကိုင်သွားခဲ့တာကို တွေ့ရပါတယ်။ ထရမ့်ဟာ မိန့်ခွန်း မပြောခင်မှာ မှတ်စုစာအုပ်ထဲက အကြောင်းအရာတွေကို ပြန်ပြီး ဖတ်ရှုကြည့်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာတော့ သူဟာ ရှီရဲ့ မှတ်စုစာအုပ်ကို ခိုးဖတ်တယ်ဆိုပြီး နာမည်ကြီးသွားခဲ့တာပါ။

ထရမ့်ဟာ ရှီနဲ့ မေလ ၁၄ ရက်၊ ၁၅ ရက်နေ့တွေမှာ နှစ်ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဝါရှင်တန်ဒီစီကို ပြန်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုအတွင်း အီရန်စစ်ပွဲကိစ္စ၊ ထိုင်ဝမ်အရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ တခြားကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို ညှိနှိုင်းနှီးနှောဖြစ်ခဲ့ကြောင်း ထရမ့်က ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။