Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူဂန္ဓာမှာ အောင်ပွဲခံနေတဲ့ အာဆင်နယ် ပရိသတ်ကို သတ်ဖြတ်သွားတဲ့ မန်ယူ ပရိသတ်ကို ရဲတွေ လိုက်ရှာနေ

ယူဂန္ဓာ နိုင်ငံမှာ အားပေးတဲ့ ဘောလုံးအသင်း ချန်ပီယံ ဖြစ်သွားလို့ အောင်ပွဲခံနေတဲ့ အာဆင်နယ် ပရိသတ်ကို သတ်ဖြတ်သွားသူ တစ်ဦးကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။

ဓာတ်ပုံ - Getty Images

ယူဂန္ဓာ နိုင်ငံမှာ အားပေးတဲ့ ဘောလုံးအသင်း ချန်ပီယံ ဖြစ်သွားလို့ အောင်ပွဲခံနေတဲ့ အာဆင်နယ် ပရိသတ်ကို သတ်ဖြတ်သွားသူ တစ်ဦးကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။

မေလ ၂၄ ရက်နေ့ ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်ခဲ့သူဟာ အင်္ဂလန်ကလပ် အာဆင်နယ်ရဲ့ အစဉ်အလာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် (မန်ယူ) အသင်းကို အားပေးသူ တစ်ဦးလို့ ယုံကြည်ရကြောင်းလည်း ရဲတွေက ပြောပါတယ်။

အာဆင်နယ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုနဲ့ ၂၂ နှစ်ကြာ ကင်းကွာနေရာက အခုဘောလုံးရာသီမှာ ချန်ပီယံ ဆုဖလားကို တကျော့ပြန် သိမ်းယူနိုင်ခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာတော့ အာဆင်နယ်က ခရစ္စတယ်လ် ပဲလေ့စ် အသင်းကို အနိုင်ယူပြီး ဆုဖလားကြီးကို လက်ခံယူခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံ အများအပြားမှာလိုပဲ ယူဂန္ဓာမှာလည်း အာဆင်နယ်ရဲ့ အောင်ပွဲအတွက် ပရိသတ်တွေက တပျော်တပါး စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။ အာဖရိက အရှေ့ပိုင်းက ကုန်းပိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ ယူဂန္ဓာမှာ အာဆင်နယ် ပရိသတ် အင်အား အခိုင်အမာ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂၄ ရက်နေ့မှာတော့ အသက် ၃၄ နှစ်အရွယ် မော်တော်ဆိုင်ကယ် ကယ်ရီသမား တစ်ဦးဟာ အာဆင်နယ်အတွက် အောင်ပွဲခံရင်း တခြားဘောလုံးပရိသတ် တစ်ဦးနဲ့ ပြဿနာ တက်ရာက သေဆုံးခဲ့ပါတယ်။ မြို့တော် ကမ်ပါလာက ဖြစ်စဉ်မှာ အသက်ဆုံးရှုံးခဲ့တဲ့ အာဆင်နယ် ပရိသတ်ရဲ့ နာမည်ကိုတော့ ရဲတွေက ဒင်းနစ်လို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒင်းနစ်ဟာ အာဆင်နယ်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်တို့ရဲ့ ပွဲစဉ်ကို တခြား အာဆင်နယ် ပရိသတ်တွေနဲ့အတူ စုဝေး ကြည့်ရှုခဲ့ပြီး တခြားလူ တစ်ယောက်နဲ့ ကတောက်ကဆ ဖြစ်ခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။ မူဆီရာမူလို့သာ နာမည်ဖော်ပြထားတဲ့ အမျိုးသားဟာ မန်ချက်စတာ ယူနိုက်တက် အားပေးသူ တစ်ဦးလို့ သိရှိထားကြောင်း၊ သူတို့နှစ်ဦး စကားများကြရာက ကိုယ်ထိလက်ရောက် တွန်းထိုး ရန်ဖြစ်တဲ့ အဆင့်ထိ ရောက်သွားပြီး သံသယရှိသူက ဒင်းနစ်ရဲ့ ဦးခေါင်းကို ထိုးနှက်ခဲ့ကြောင်း၊ ဒင်းနစ်ဟာ မြေပေါ်လဲကျပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလွတ်မြောက်နေတဲ့ သံသယ တရားခံကို လိုက်လံရှာဖွေနေဆဲလို့လည်း ရဲတွေက အတည်ပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲတွေဟာ ယူဂန္ဓာမှာ အထူးလူကြိုက်များပြီး ပွဲကြည့်ဇုန်လို့ခေါ်တဲ့ နေရာတွေမှာ screen အကြီးစားတွေထောင်ပြီး စုဝေးအားပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အသင်းစွဲကို အခြေပြုတဲ့ ပြိုင်ဆိုင်မှုတွေကြောင့်လည်း ဘောလုံး ပရိသတ်တွေကြား သွေးထွက်သံယို ရန်ပွဲတွေ ကြုံရလေ့ ရှိပါတယ်။

ဒေသခံ မီဒီယာတွေကတော့ အခုဖြစ်စဉ်ဟာ ဘောလုံးပရိသတ်တွေကြား ပြိုင်ဆိုင်မှုကနေ ဆိုးရွားတဲ့ အကြမ်းဖက် ရန်လိုမှုတွေ ပေါ်ပေါက်လာတတ်တဲ့ စိုးရိမ်စရာ အရှိတရားကို ထပ်ပြီး မီးမောင်းထိုးပြလိုက်တဲ့ ကိစ္စတစ်ခုအဖြစ် ဖော်ပြထားကြပါတယ်။

အခုဘောလုံးရာသီမှာ အာဆင်နယ်ဟာ ပြည်တွင်း အမှတ်ပေး ချန်ပီယံ ဖြစ်လာတဲ့အပြင် ဥရောပ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲစဉ်ထိ တက်ရောက်ထားပြီး လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကိုးကား: Daily Star

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်ရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှု အောင်ပွဲခံ အခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ပရိသတ် သိန်းနဲ့ချီ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။

ဆောင်းပါး

အာတီတာဦးဆောင်တဲ့ အာဆင်နယ်ဘောလုံးသမားတွေက PDF ရဲဘော်ကြီး အော်ကျူးရဲ့ဘေးမှာ ပရီးမီးယားလိဂ်ဖလားကြီး နဲ့ ပုံစံမျိုးစုံနဲ့အောင်ပွဲခံနေပါကြတယ်။ ပဲခူးရိုးမတနေရာကဒီမြင်ကွင်းကို PDF စစ်မေတွေအပါအဝင် အော်ကျူးရဲ့ ရဲဘော်ရဲဘက်တွေက မျက်တောင်မခပ်တမ်း ကြည့်နေကြပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ယူဂန္ဓာ နိုင်ငံက မူကြိုကျောင်းတစ်ခုမှာ ကလေး ၄ ဦးဟာ ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်တာ ခံခဲ့ကြရပါတယ်။