Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ သဘောတူညီမှု ရယူနိုင်ဖို့ အရမ်းနီးကပ်လာပြီလို့ အမေရိကန် ဒုတိယ သမ္မတပြော

အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး သဘောတူညီမှု တစ်ခုရရှိဖို့ အရမ်းနီးကပ်လာနေပြီလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး သဘောတူညီမှု တစ်ခုရရှိဖို့ အရမ်းနီးကပ်လာနေပြီလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်က ပြောကြားခဲ့ပါတယ်။

အီရန်တောင်ပိုင်းမှာ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ကူဝိတ်မှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒရုန်း၊ ဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေအပြီး နာရီပိုင်းအကြာမှာ ဗန့်စ်က အခုလို မှတ်ချက် ပေးခဲ့တာပါ။

အဲဒီလို အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း အီရန်နဲ့ အမေရိကန်တို့ဟာ ဧပြီ ၈ ရက်နေ့ ကတည်းက ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကိုတော့ ဆက်လက် ထိန်းသိမ်းထားကြဆဲပါ။

မေလ ၂၈ ရက်နေ့ ညပိုင်းမှာ ဗန့်စ်က အမေရိကန်နဲ့ အီရန်တို့ရဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ အပြန်အလှန် ညှိနှိုင်းမှုတွေ ပေးပို့ရင်း အရမ်း အလုပ်များနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။ သဘောတူညီမှု တစ်ခုခု ရရှိတဲ့ အဆင့်ကိုတော့ မရောက်သေးကြောင်း၊ ဒါပေမဲ့ အရမ်းနီးကပ်လာနေပြီ ဖြစ်သလို အဲဒီအတွက် အားထုတ်မှုတွေကိုလည်း အရှိန်မပျက် ဆက်လက် လုပ်ဆောင်နေကြောင်း ဗန့်စ်က မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အီရန် အစိုးရက အစိတ်အပိုင်းတစ်ခု ထိန်းချုပ်ထားတဲ့ Tasnim သတင်းဌာနကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အပြီးမသတ်နိုင်သေးသလို သဘောတူညီမှုတွေကို အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

အမေရိကန်က အီရန်ဟာ နျူကလီးယား လက်နက်တွေ တည်ဆောက်နိုင်တဲ့ အဆင့်ထိ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အပြီးတိုင် ရပ်စဲဖို့ရော၊ သန့်စင်ပြီးလက်စ ယူရေနီယမ် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ဖို့ပါ ဖိအားပေး တောင်းဆိုထားပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ အီရန်ဖက်ကလည်း ဆွေးနွေးမှုတွေကို ယုံကြည်မှု ထက်ထက်သန်သန်နဲ့ လုပ်ဆောင်နေတယ်လို့ သူ့အနေနဲ့ အကောင်းမြင် မျှော်လင့်ထားကြောင်း ဗန့်စ်က ပြောကြားသွားပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ လူထု မထောက်ခံတဲ့ အီရန်စစ်ပွဲကို စတင်ခဲ့ပြီး သပ်သပ်ရပ်ရပ် အဆုံးသတ်နိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာရပ် မဟာမိတ် နိုင်ငံတွေ၊ အမေရိကန်ရဲ့ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ သူ့ရဲ့ ပါတီတူ ရီပတ်ဘလစ်ကန် အစုအဖွဲ့ထဲက နိုင်ငံရေးသမား တချို့ကပါ စစ်ပွဲရပ်စဲရေးကိစ္စ အထမြောက်အောင် လုပ်ဆောင်ဖို့ ထရမ့်ကို ဝိုင်းဝန်း တောင်းဆိုနေပါတယ်။

လက်ရှိ ညှိနှိုင်းမှုတွေမှာ နှစ်ဖက် အပြန်အလှန် တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်တွေတော့ ထွက်ပေါ်မလာပါဘူး။ ညှိနှိုင်းမှုတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေမှာလည်း တစ်ဖက်နဲ့တစ်ဖက် လုံးဝဥဿုံ ဆန့်ကျင်ကွဲပြားတဲ့ အခြေအနေ တချို့ကို ရှိနေပါတယ်။

ဒါပေမဲ့ အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို အလုံးစုံ ပြန်ဖွင့်ဖို့၊ အဲဒီရေလက်ကြားမှာ အီရန် ထောင်ထားတဲ့ ရေမြှုပ်မိုင်းတွေကို ရှင်းလင်းဖို့၊ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယမ်တွေကို အမေရိကန်က လက်လွှဲယူဖို့ စတဲ့ အချက်တွေ ပါဝင်နေတယ်လို့တော့ ယုံကြည်ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။