Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရေးကိစ္စ NATO အဖွဲ့ဝင် ဥရောပနိုင်ငံ တချို့နဲ့ ဆွေးနွေးနေ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ဥရောပ နိုင်ငံတချို့မှာ အမေရိကန် နျူကလီးယား လက်နက်တွေ တိုးမြှင့် ဖြန့်ကျက်ရေးကိစ္စ နှစ်ဖက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ဥရောပ နိုင်ငံတချို့မှာ အမေရိကန် နျူကလီးယား လက်နက်တွေ တိုးမြှင့် ဖြန့်ကျက်ရေးကိစ္စ နှစ်ဖက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဥရောပမှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကိုရော၊ အမေရိကန် စစ်လက်နက်တွေ ထားရှိမှုကိုပါ လျှော့ချဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေချိန်မှာ အခု သတင်းကို Financial Timesက စတင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် အမေရိကန်ဟာ ဥရောပမှာ နျူကလီးယား လက်နက်တွေ တင်ဆောင် တိုက်ခိုက်နိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကို ဥရောပ နိုင်ငံ ၆ ခုမှာ ဖြန့်ကျက်ထားပါတယ်။ အဲဒီထက်ပိုများတဲ့ နိုင်ငံတွေမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ရေး ဖြစ်နိုင်ခြေကို ဆွေးနွေးဖို့ အမေရိကန်က အခုအခါ လမ်းဖွင့်ပေးထားပြီဖြစ်ကြောင်း အဲဒီ ညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုကို ကိုးကားပြီး Financial Timesက ဆိုပါတယ်။

ဥရောပမှာ အမေရိကန်ရဲ့ သမားရိုးကျရော၊ နျူကလီးယား တိုက်ခိုက်မှုတွေပါ လုပ်ဆောင်နိုင်တဲ့ စစ်လေယာဉ်တွေ ဖြန့်ကျက် ထားရှိရေးကို နောက်ထပ် ဘယ်နိုင်ငံတွေက စိတ်ဝင်တစား ကမ်းလှမ်းလာမလဲ ဆိုတာကို အဲဒီ ညှိနှိုင်းမှုတွေအတွင်း အဖြေရှာကြဖွယ် ရှိတယ်လို့လည်း Financial Timesက ရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ချက်ချင်း ခပ်မြန်မြန်တော့ အကောင်အထည် ပေါ်လာဖွယ် မရှိသေးကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သတင်းတွေအရ NATOရဲ့ အရှေ့ဖက်စွန်း နယ်စပ်မှာ တည်ရှိတဲ့ ပိုလန်နဲ့ တခြား ဘောလ်တစ်ဒေသတွင်း နိုင်ငံတွေဟာ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည် ပိုင်ဆိုင်တဲ့ အမေရိကန် စစ်လေယာဉ်တွေ အခြေစိုက်ရေး ကိစ္စအပေါ် စိတ်ဝင်တစား ရှိနေတယ်လို့ သိရပါတယ်။

အိမ်ဖြူတော်၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ NATOတို့ကတော့ Financial Timesရဲ့ သတင်းနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် မူဝါဒရေးရာ အကြီးအကဲ အဲလ်ဘရစ်ဂျ် ကိုလ်ဘီကတော့ အမေရိကန်ဟာ NATO အဖွဲ့ဝင် နိုင်ငံတွေကို နျူကလီးယား လက်နက် စွမ်းရည်အရ ဆက်လက် လွှမ်းခြုံ အကာအကွယ်ပေးပြီး ဥရောပ နိုင်ငံတွေကတော့ သမားရိုးကျ တပ်ဖွဲ့တွေကို ဦးဆောင်တာမျိုး တာဝန်ယူစေလိုကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။

ထရမ့်က ဥရောပတိုက်ဟာ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်အတွက် သမားရိုးကျ စစ်လက်နက်တွေ ပိုင်ဆိုင်ရေးမှာ လုံလောက်တဲ့ စရိတ်မျိုး အသုံးမချဘဲ အမေရိကန်အပေါ် လွန်လွန်ကဲကဲ မှီခိုနေတယ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။