Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မုဒိမ်းမှု စွဲချက်တွေ ရင်ဆိုင်ထားရတဲ့ ဂါနာ ကွင်းလယ်ကစားသမားကို ကနေဒါက ပြည်ဝင်ခွင့်မပေး

ရာဇဝတ်ကြောင်းဆိုင်ရာ တရားစွဲဆိုမှုတွေ ခံထားရတာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂါနာအသင်း ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ကနေဒါက ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ရာဇဝတ်ကြောင်းဆိုင်ရာ တရားစွဲဆိုမှုတွေ ခံထားရတာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂါနာအသင်း ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ကနေဒါက ငြင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်အဖြစ် တာဝန်ယူထားတဲ့ ကနေဒါဟာ အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်ပြီး စပိန်ကလပ် ဗီလာရီးရဲလ်မှာ ကစားနေတဲ့ ပါတေးရဲ့ ဗီဇာ လျှောက်ထားမှုကို ဇွန်လ ၁၂ ရက်နေ့မှာ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ထိပ်တန်းကလပ် အာဆင်နယ်မှာလည်း ကစားခဲ့ဖူးတဲ့ ပါတေးဟာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အတွင်း အမျိုးသမီး ၄ ဦးအပေါ် မုဒိမ်းမှု ၇ ကြိမ်နဲ့ လိင်အကြမ်းဖက်မှု ၁ ကြိမ် ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပါတေးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး တရားရေးဆိုင်ရာ ကြားနာမှုတွေက လာမယ့်နှစ်အတွင်း ဗြိတိန်နိုင်ငံမှာ စတင်သွားမှာ ဖြစ်ပါတယ်။ အခုတော့ ကနေဒါက သူ့ကို ဗီဇာ ပိတ်လိုက်တဲ့အတွက် ပါတေးဟာ ဇွန် ၁၈ ရက်နေ့မှာ ကစားမယ့် ပနားမားနဲ့ ကမ္ဘာ့ဖလား အုပ်စု (ဆ) ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဂါနာ အသင်းဟာ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ လေ့ကျင့်ခန်း ဆင်းနေတာပါ။ ဒါပေမဲ့ ဗီဇာ အပိတ်ခံရတဲ့ ကိစ္စကြောင့် သူဟာ ကနေဒါ နိုင်ငံဆီကို အသင်းဖော်တွေနဲ့အတူ လိုက်ပါသွားနိုင်မှာ မဟုတ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါ အစိုးရဆီက ဗီဇာ ငြင်းပယ်ခံရမှုကြောင့် ပါတေးဟာ ကနေဒါဆီ ပြည်ဝင်ခွင့် ရမှာမဟုတ်ကြောင်း၊ ဖီဖာ အနေနဲ့ အိမ်ရှင်နိုင်ငံတွေရဲ့ ဗီဇာ စည်းမျဉ်းတွေ အကြောင်းကို ဝင်စွက်ဖက်ခွင့် မရှိကြောင်း၊ ဘယ်သူက ပြည်ဝင်ခွင့်ရပြီး ဘယ်သူ့ကို ငြင်းပယ်မလဲ ဆိုတာက အိမ်ရှင်နိုင်ငံရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း ဖီဖာက ထုတ်ပြန်ပါတယ်။

ပါတေးကို ဗီဇာ ထုတ်မပေးတာနဲ့ ပတ်သက်ပြီး ကနေဒါ လူဝင်မှု ကြီးကြပ်ရေး ဌာနကတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ကိစ္စတွေကို မှတ်ချက် မပေးလိုကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကနေဒါရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေဟာ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဦးစားပေး ရွေးချယ်တာဖြစ်ကြောင်း ဌာနဖက်က ပြောပါတယ်။

ပါတေးဟာ အမေရိကန်ဆီ ပြည်ဝင်ခွင့် လျှောက်ထားမှု အောင်မြင်ခဲ့တဲ့နောက် ကနေဒါကိုလည်း လိုက်ပါခွင့် ရမယ်လို့ မျှော်လင့်ထားပေမယ့် ဗီဇာ ငြင်းပယ် ခံခဲ့ရတာပါ။ သူ့ရဲ့ ဂါနာအသင်းဟာ အုပ်စုတွင်း ပြိုင်ဘက်တွေအဖြစ် ပနားမား၊ အင်္ဂလန်၊ ခရိုအေးရှားတို့နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားခဲ့တဲ့နောက် ကနေဒါကလည်း အွန်တေရီအို ရေကန်ဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြီး တုံ့ပြန်ခဲ့ပါတယ်။