Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းရဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို လေယာဉ်ငယ်တစ်စီး ဝင်တိုက်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာရှိတဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို လေယာဉ်ငယ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - X /Takemikazuchi26

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာရှိတဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို လေယာဉ်ငယ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂၆ ရက်နေ့က ၁၀၉ ထပ်မြင့်တဲ့ CITIC မျှော်စင် အဆောက်အအုံကြီးကို လေယာဉ်ငယ် တစ်စီးက ဝင်တိုက်ခဲ့ပြီး အောက်ဖက်ကို အပျက်အစီးတွေ ပြုတ်ကျနေတဲ့ ဗီဒီယိုတွေဟာ လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာပါတယ်။

အဲဒီဖြစ်ရပ်အပြီး အဆောက်အအုံထဲမှာ ရှိနေသူတွေက အရေးပေါ် ရွှေ့ပြောင်းပြီး လမ်းပေါ် စုဝေးလာခဲ့သလို မီးသတ်ကားတွေ၊ ရဲကားတွေ၊ လူနာတင်ယာဉ်တွေ အုံနဲ့ကျင်းနဲ့ ရောက်လာခဲ့ကြပါတယ်။

၁၇၃၂ ပေမြင့်တဲ့ အဆောက်အအုံကို ဝင်တိုက်ခဲ့တာဟာ ပြည်တွင်းဖြစ် Sunward SA60L Aurora လေယာဉ်ငယ် တစ်စီးလို့ ယုံကြည်ရပါတယ်။ အဲဒီ နှစ်ယောက်စီး လေယာဉ်လေးတွေဟာ ကားတစ်စီး အရွယ်လောက်သာ ရှိပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်ကနေ တွေ့ရတဲ့ အခြေအနေတွေအရ အဆောက်အအုံမှာ ထိခိုက်ပျက်စီးမှု အရမ်းမကြီးဘူးလို့ ယုံကြည်ရပါတယ်။ အောက်ဖက် ပလက်ဖောင်းကိုတော့ လေယာဉ် အပျက်အစီးတွေနဲ့ ပြတင်းမှန်ကွဲတွေ ကျရောက်ခဲ့ပြီး အသေးစား မီးလောင်မှု တစ်ခုလည်း ဖြစ်ခဲ့ပေမယ့် ခပ်မြန်မြန် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

တရုတ် အာဏာပိုင်တွေရဲ့ တင်းကျပ်တဲ့ သတင်းထုတ်ပြန်မှု ကန့်သတ်ချက်တွေကြောင့် အခုဖြစ်စဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ လေယာဉ်ဟာ ဘေဂျင်းမှာရှိတဲ့ ရှီဖိုဆီ လေဆိပ်ကနေ ပျံတက်ပြီးတဲ့နောက် သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ သိသိသာသာ သွေဖယ်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဆောက်အအုံကို လေယာဉ်ငယ်က ဝင်တိုက်ခဲ့တာဟာ အစွန်းရောက်ဝါဒ တစ်ခုခုနဲ့ ဆက်စပ်တဲ့ တိုက်ခိုက်မှုလား၊ ဒါမှမဟုတ် တခြား မတော်တဆမှု တစ်ခုခုလား ဆိုတာကိုလည်း မသိရသေးပါဘူး။

လေယာဉ်ပေါ်မှာ လူဘယ်နှယောက် လိုက်ပါခဲ့သလဲ ဆိုတာနဲ့ အဆောက်အအုံကို ဝင်တိုက်ချိန်မှာ ထိခိုက်သေကြေမှု ဘယ်လောက်များများ ရှိသလဲ ဆိုတာတွေကိုလည်း အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။

လေယာဉ်တိုက်ခိုက်မှုအပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကိုလည်း တရုတ် လူမှုကွန်ရက်တွေက နောက်ပိုင်းမှာ ပြန်လည် ဖယ်ရှားပစ်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိတော့ CITIC မိုးမျှော်တိုက်ကြီးကို လေယာဉ်ငယ် ဝင်တိုက်ခဲ့တာဟာ တမင်ရည်ရွယ်ချက် ရှိရှိလား၊ ဒါမှမဟုတ် မတော်တဆမှု တစ်ခုခုကြောင့်လား ဆိုတာကို မသိရသေးပါဘူး။

CITICဟ ဘေဂျင်းမှာ အမြင့်ဆုံး၊ တရုတ် ပြည်မကြီးမှာ စတုတ္ထ အမြင့်ဆုံး မျှော်စင် အဆောက်အအုံကြီးပါ။ ဒါပေမဲ့ ရဟတ်ယာဉ်ကွင်းတွေ ပါဝင်တဲ့ အမိုးပြား ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေထဲမှာတော့ CITICဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့ သတ်မှတ်ခံထားရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘေဂျင်းမြို့တော်ဆီ ရောက်ရှိနေတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဂေါက်ကလပ်နားက မပျံသန်းရဇုန် သတ်မှတ်ထားရာ နေရာကို လေယာဉ်ငယ်တစ်စီး ချဉ်းကပ် ဝင်ရောက်ခဲ့မှုကြောင့် အမေရိကန် တိုက်လေယာဉ်တွေ အရေးတကြီး ပျံတက်ခဲ့ရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ ဘေဂျင်းမြို့တော်နားမှာ ဖြစ်ပွားတဲ့ ရေကြီးမှုတွေနဲ့ ပတ်သက်လို့ ကြိုတင် ပြင်ဆင်မှုပိုင်း၊ တုံ့ပြန်မှုပိုင်းတွေမှာ ဟာကွက်တွေ၊ အားနည်းချက်တွေ ရှိခဲ့ကြောင်း အစိုးရဖက်က ရှားရှားပါးပါး ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် တဝိုက်က ရေကြီးမှုတွေအတွင်း ဘိုးဘွားရိပ်သာ တစ်ခုမှာ လူပေါင်း ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။