Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရေတပ် ရဟတ်ယာဉ် အာရေဗျ ပင်လယ်ထဲ အရေးပေါ် ဆင်းသက်ရ၊ အမှုထမ်း ပျောက်ဆုံးနေ

အမေရိကန် ရေတပ်ရဲ့ ရဟတ်ယာဉ်တစ်စီး အာရေဗျ ပင်လယ်ထဲ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့နောက် အမှုထမ်း ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - US Navy

အမေရိကန် ရေတပ်ရဲ့ ရဟတ်ယာဉ်တစ်စီး အာရေဗျ ပင်လယ်ထဲ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့နောက် အမှုထမ်း ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဇူလိုင် ၁ ရက်နေ့က ဖြစ်စဉ်မှာ နောက်ထပ် ရေတပ်သား ၃ ဦးလည်း ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

MH-60 Seahawk အမျိုးအစား ရဟတ်ယာဉ်ဟာ ချွတ်ယွင်းမှု တစ်ခုခုကြုံပြီး ရေပြင်ဆီ အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ရန်လို တိုက်ခိုက်ခံရမှု တစ်ခုခုကြောင့်တော့ မဟုတ်ဘူးလို့ ရေတပ်က ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ရေတပ်ဟာ ပျောက်ဆုံးနေတဲ့ အမှုထမ်းကို ရှာဖွေကယ်ဆယ်ဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း၊ တစ်ချိန်တည်းမှာပဲ ရဟတ်ယာဉ်က ဘယ်လိုအမှားအယွင်း ကြုံခဲ့သလဲ ဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း အမေရိကန် အမှတ် ၅ ရေတပ်မက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရဟတ်ယာဉ်ဟာ ဒေသတွင်းမှာ ရှိနေတဲ့ USS George H.W. Bush လေယာဉ်တင် သင်္ဘောကြီးမှာ အခြေစိုက်တာလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အရေးပေါ် အခြေအနေမျိုးနဲ့ ရဟတ်ယာဉ်တွေကို ရေပြင်မှာ ဆင်းသက်ရတာဟာ အတွေ့အကြုံ အရင့်ဆုံး လေယာဉ်မှူးတွေ အတွက်တောင် အန္တရာယ် အရမ်းများပါတယ်။ လေးလံတဲ့ လေယာဉ်ကိုယ်ထည်ဟာ ရေပြင်ဆီ အရှိန်နဲ့ ဆင်းသက်ပြီးတဲ့နောက် ပြောင်းပြန် လန်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

MH-60 Seahawkတွေကို အမေရိကန်ရဲ့ Sikorsky လေကြောင်းနည်းပညာ ကုမ္ပဏီက ထုတ်လုပ်ပြီး အမေရိကန် ကြည်းတပ်ရဲ့ နာမည်ကျော် ဘက်စုံသုံး UH-60 Black Hawkကို ရေတပ်အတွက် ကိုက်ညီအောင် မွမ်းမံပြင်ဆင်ထားတဲ့ ဗားရှင်းဖြစ်ပါတယ်။

မကြာသေးခင်ကထိ အီရန်နဲ့ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားနေခဲ့တာကြောင့် အာရေဗျ ပင်လယ် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် တပ်တွေကိုလည်း တပ်လှန့်ထားဆဲလို့လည်း သိရပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရန်သူ စစ်သင်္ဘောတွေကို ပစ်ခတ်နှစ်မြှုပ်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ မှတ်တမ်း ဗီဒီယိုကို အမေရိကန် ပစိဖိတ် ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

Facebook