Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အလိုအပ်ဆုံး အချိန်မှာ အကောင်းဆုံး ဖြစ်လာခဲ့တယ်လို့ ကစားသမားတွေကို စပိန်အသင်း မန်နေဂျာ ချီးကျူး

အလိုအပ်ဆုံး အချိန်မှာ အကောင်းဆုံး ‌ခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ စပိန်အသင်း မန်နေဂျာက ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။

ဓာတ်ပုံ - FIFA

အလိုအပ်ဆုံး အချိန်မှာ အကောင်းဆုံး ‌ခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ စပိန်အသင်း မန်နေဂျာက ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။

စပိန်အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး တစ်သင်းဖြစ်တဲ့ ပြင်သစ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဟောင်းတွေဟာ လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ နာမည်ကြီး အင်္ဂလန်တို့ရဲ့ အကြိုဗိုလ်လုပွဲစဉ်မှာ အနိုင်ရလာတဲ့ အသင်းနဲ့ ဖလားလုရတော့မှာပါ။

၂၀၁၀ ပြည့်နှစ်မှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ဖူးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်လာခဲ့တဲ့ စပိန်အသင်းနဲ့ ပတ်သက်ပြီး မန်နေဂျာ လူးဝစ် ဒယ်လာ ဖျူယန်တေးက သူ့အသင်းရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။

စပိန်ဟာ ပြိုင်ပွဲကြီးတွေမှာ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာခဲ့ကြောင်း၊ ကမ္ဘာ့ဖလားလို ထိပ်တန်း ပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲ အဆင့်ဆီ အကောင်းဆုံး ပုံစံနဲ့ ရောက်ရှိနိုင်အောင် သေချာ ကြိုတင် ပြင်ဆင်ထားခဲ့ပြီး တကယ်လည်း အခုအခါ ပုံစံကောင်း ရနေပြီလို့ ခံစားမိကြောင်း သူက ဆိုပါတယ်။ ဘောလုံး စကားနဲ့ ပြောရင်တော့ ရှည်လျားတဲ့ ဘောလုံးရာသီတစ်ခု အပြီးမှာ စပိန်ဟာ အမြင့်ဆုံး စွမ်းဆောင်ရည် အဆင့်ကို အချိန်ကိုက် ရောက်လာတာလို့ ဆိုနိုင်ကြောင်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်သစ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ စပိန်ဘုရင် ဆဋ္ဌမ ဖိလစ်ကိုယ်တိုင် စပိန် အသင်းသားတွေ ရှိနေတဲ့ အဝတ်လဲခန်းထဲ တိုက်ရိုက် ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ ဘုရင်က ဖုန်းဆက်ပြီး အသင်းကို ဆက်အားပေးနေမယ့်အကြောင်း ပြောခဲ့တဲ့အခါ တစ်သင်းလုံး အရမ်းဂုဏ်ယူနေကြကြောင်း၊ စပိန်ပြည်သူတွေ ပျော်ရွှင်မှု ရစေဖို့ သူ့အသင်းမှာ တာဝန်ရှိတယ်လို့ ခံယူထားကြောင်း၊ လက်ရှိ မျိုးဆက် စပိန်ကစားသမားတွေရဲ့ ထူးချွန်အားကောင်းတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကြောင့် သူတို့ဟာ မြင့်မားတဲ့ စံတန်ဖိုးတွေအတွက် စံပြုထိုက်သူတွေလည်း ဖြစ်လာကြောင်း အသက် ၆၅ နှစ်အရွယ် မန်နေဂျာကြီးက ညွှန်းဆိုခဲ့ပါတယ်။

ပြိုင်ဘက် ပြင်သစ်နဲ့ ပတ်သက်လို့တော့ သူက စပိန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ရွေးစင် အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ကြောင်း၊ တစ်ဖက်မှာတော့ ပြင်သစ် ကိုယ်တိုင်ကလည်း အကောင်းဆုံး ပြိုင်ဘက်နဲ့ တည့်တည့်ကြီး ကြုံခဲ့တယ်လို့ ဆိုနိုင်ကြောင်း၊ ပြင်သစ် ရင်ဆိုင်ခဲ့ရတဲ့ သူ့အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အစုအဖွဲ့ တစ်ခုလည်းဖြစ်ကြောင်း၊ အခုအချိန်မှာတော့ စပိန်ကစားသမားတွေက သူတို့ကို ဘယ်သူမှ အနိုင်ယူနိုင်စွမ်း မရှိဘူးဆိုတဲ့ ခံစားချက်မျိုးနဲ့ ယုံကြည်မှု အမြင့်ဆုံး ဖြစ်နေကြောင်း ဒယ်လာ ဖျူယန်တေးက ပြောကြားခဲ့ပါတယ်။

သူက အသင်းခေါင်းဆောင် ကွင်းလယ်လူ ရိုဒရီကိုလည်း စပိန်ရဲ့ ကျောရိုးလို့ တင်စားခဲ့ပြီး ကွင်းလယ် ဖန်တီးရှင် ဒန်နီ အော်လ်မိုကိုတော့ သူတာဝန်ယူရတဲ့ နေရာမှာ တကယ့် ပါရမီရှင် တစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ အောင်ပွဲမှာတော့ တစ်ဦးချင်း စွမ်းဆောင်မှုတွေထက် အရေးကြီးတာက တစ်သင်းလုံးရဲ့ ထူးကဲလှတဲ့ စုပေါင်းအားထုတ်မှုသာ ဖြစ်တယ်လို့လည်း မန်နေဂျာကြီးက ဆိုပါတယ်။

အခုပွဲ ရလဒ်အတွက် အောင်ပွဲခံရမှာ ဖြစ်ပေမယ့် စပိန်အတွက် လုပ်စရာရှိတာတွေ မပြီးပြတ်သေးဘူးလို့ သူက သတိပေးခဲ့ပါတယ်။ စပိန်အတွက် ခြေတစ်လှမ်း၊ နောက်ဆုံးတစ်လှမ်း၊ အခက်ဆုံးတစ်လှမ်း ကျန်နေဆဲဖြစ်ကြောင်း၊ စပိန်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ရပြီး ဆုဖလားကြီးကို ကိုင်မြှောက်လိုကြောင်း သူက ပြောကြားသွားပါတယ်။

ဗိုလ်လုပွဲမှာ ဘယ်ပြိုင်ဘက်နဲ့ ဆုံချင်သလဲဆိုတဲ့ မေးခွန်းတွေကိုတော့ သူက အာဂျင်တီးနားဖြစ်ဖြစ်၊ အင်္ဂလန်ဖြစ်ဖြစ် လက်ကမ်းပြီး ကြိုသွားမယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။