Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်ကို ယှဉ်ဖို့ ပြင်သစ်ရဲ့ စွမ်းဆောင်ရည်က မလုံလောက်ခဲ့ကြောင်း အသင်းမန်နေဂျာ ဝန်ခံ

စပိန်နဲ့ ပွဲစဉ်မှာ သူ့အသင်းဟာ နည်းစနစ်ပိုင်းအရ လုံလုံလောက်လောက် စွမ်းဆောင်ရည် မကောင်းခဲ့ဘူးလို့ ပြင်သစ် မန်နေဂျာ ဒီဒီရာ ဒေးရွှမ့်က ဝန်ခံသွားခဲ့ပါတယ်။

ဓာတ်ပုံ - FIFA

စပိန်နဲ့ ပွဲစဉ်မှာ သူ့အသင်းဟာ နည်းစနစ်ပိုင်းအရ လုံလုံလောက်လောက် စွမ်းဆောင်ရည် မကောင်းခဲ့ဘူးလို့ ပြင်သစ် မန်နေဂျာ ဒီဒီရာ ဒေးရွှမ့်က ဝန်ခံသွားခဲ့ပါတယ်။

ပြင်သစ်ဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာ စပိန်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲ သုံးကြိမ်ဆက်တိုက် တက်လှမ်းနိုင်မယ့် မှတ်တမ်းကောင်းကို လက်တစ်ကမ်း အလိုမှာ လွဲချော်သွားခဲ့ပါတယ်။ ပြင်သစ်ရဲ့ အားကောင်းတဲ့ တိုက်စစ်ဟာ အခုပွဲမှာတော့ စပိန်ရဲ့ စုဖွဲ့မှုနဲ့ နည်းစနစ် ကျေညက်မှုတွေကြောင့် ကျည်မထွက်နိုင်တဲ့ အမြောက်လို ဖြစ်ခဲ့ပါတယ်။

အကြိုဗိုလ်လုပွဲ အဆင့်မျိုးမှာ မျှော်မှန်းချက် မြင့်မြင့် ထားချင်တယ်ဆိုရင် ကိုယ့်ဖက်က အကောင်းဆုံး ဖြစ်နေဖို့ လိုကြောင်း၊ ကံမကောင်းစွာနဲ့ဘဲ ပြင်သစ်ဟာ အဲဒီအခြေအနေမျိုး မရှိခဲ့ကြောင်း ဒေးရွှမ့်က ဆိုပါတယ်။

သူက ပြိုင်ဘက်အသင်းရဲ့ ခံစစ်စုဖွဲ့ပုံကိုလည်း အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။ စပိန်ခံစစ်ဟာ မယုံနိုင်လောက်အောင် ကောင်းလွန်ခဲ့ကြောင်း၊ စပိန်ဟာ ပြင်သစ် ကစားသမားတွေအတွက် နေရာလွတ် နည်းနည်းလေးသာ ရအောင် ပိတ်ဆို့ ကစားသွားခဲ့ကြောင်း၊ ဒါထက် ပိုဆိုးတာက ပြင်သစ်ကိုယ်တိုင် နည်းစနစ်ပိုင်း အမှားတွေ ကျူးလွန်မိခဲ့တာဖြစ်ပြီး အကျိုးဆက် အနေနဲ့ စပိန်အတွက် ပြဿနာတွေ ဖန်တီးပေးဖို့ ခက်ခဲသွားရကြောင်း ဒေးရွှမ့်က ပြောပါတယ်။ ပြင်သစ်ရဲ့ နည်းစနစ်ပိုင်းဟာ အရင်ပွဲတွေနဲ့ ယှဉ်ရင် နိမ့်ပါးတဲ့ အနေအထားမျိုး ရောက်ခဲ့ကြောင်း သူက ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြင်သစ် တိုက်စစ်သမားတွေဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေ၊ အူစ်မာနေး ဒမ်ဘီလီနဲ့ မိုက်ကယ် အိုလီဆေးတို့ သုံးဦးဟာ စပိန်နဲ့ ပွဲစဉ် မတိုင်ခင်မှာ ၁၃ ဂိုး သွင်းပြခဲ့ပေမယ့် ဒီပွဲမှာတော့ သုံးယောက်ပေါင်းလို့ ဂိုးသွင်းဖို့ အားထုတ်မှု ၅ ကြိမ်သာ လုပ်နိုင်ခဲ့ပြီး ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်စွမ်းလည်း မရှိခဲ့ပါဘူး။

စပိန်ကတော့ ပွဲကို အကောင်းဆုံး ဖတ်ရှုနိုင်ပြီး ပြင်သစ်ရဲ့ ဘောလုံးလမ်းကြောင်းတွေကို ထိထိရောက်ရောက် ဖြတ်တောက်သွားနိုင်ခဲ့ကြောင်း ဒေးရွှမ့်က ဆိုပါတယ်။ စပိန်ရဲ့ ကစားပုံကို တုံ့ပြန်ဖို့ ပြင်သစ်မှာ အဖြေရှာ မတွေ့ခဲ့ကြောင်း၊ ပြင်သစ်ရဲ့ တိုက်စစ်အားနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေ အလိုလို ပျောက်ဆုံးသွားခဲ့တဲ့ အကြောင်းကို သူပြန်မပြောချင်တော့ကြောင်း၊ အဲဒီ အပိုင်းတွေဟာ တကယ်တော့ ပြင်သစ်ရဲ့ အဓိက ခွန်အားတွေဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ပြင်သစ်အသင်း စွမ်းဆောင်ပြခဲ့တဲ့ အရာတွေနဲ့ ပတ်သက်ပြီး အစွန်းအထင်း ဖြစ်စေမယ့် စကားမျိုး၊ စပိန်နဲ့ပွဲက အသင်းရဲ့ ကစားပုံကို ပုတ်ခတ် ရှုတ်ချတဲ့ စကားမျိုးတွေ သူဘာမှ မပြောလိုတော့ကြောင်း၊ ဒါပေမဲ့ ထပ်ပြီး အလေးအနက် ပြောချင်တာက ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲလိုမျိုး၊ စပိန်လို ပြိုင်ဘက်မျိုးနဲ့ ကစားတဲ့အခါ ကိုယ့်ဖက်က အမြင့်ဆုံး အနေအထား၊ အကောင်းဆုံး အနေအထား ရောက်နေဖို့ လိုကြောင်း၊ ဒီညမှာ ပြင်သစ်ဟာ အဲဒီအဆင့် ရောက်မနေခဲ့ကြောင်း ဒေးရွှမ့်က ပြောကြားသွားပါတယ်။

ဒေးရွှမ့်ဟာ ပြင်သစ် အသင်းကို ၁၄ နှစ်ကြာ မန်နေဂျာအဖြစ် တာဝန်ယူခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ရာထူးက နုတ်ထွက်မယ်လို့ ကြိုတင် ကြေညာထားပါတယ်။ သူဟာ တခြားအကြိုဗိုလ်လုပွဲဖြစ်တဲ့ အင်္ဂလန်-အာဂျင်တီးနား တွေ့ဆုံမှုမှာ အရေးနိမ့်တဲ့ အသင်းနဲ့ တတိယလုပွဲကို ယှဉ်ပြိုင်ပြီးရင် ရာထူးက နုတ်ထွက်မှာပါ။ အတည်ပြု ကြေညာတာမျိုး မရှိသေးပေမယ့် ပြင်သစ် အသင်းရဲ့ ကစားသမား ဘဝတုန်းက ဒေးရွှမ့်ရဲ့ အသင်းဖော် ဖြစ်ခဲ့ဖူးသူ ဇနီဒင်း ဇီဒန်းက ပြင်သစ် မန်နေဂျာ ရာထူးကို ဆက်ခံဖို့ သဘောတူထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကိုးကား: ESPN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။