Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက် ပြိုင်ဘက်နှစ်ယောက်ရဲ့ အမှတ်တရ ဓာတ်ပုံဟောင်းကို ယူနီဆက်ဖ် ဖော်ပြ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက် တွေ့ဆုံကြမယ့် ကမ္ဘာကျော် ဘောလုံးသမား နှစ်ဦးရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက အမှတ်တရ ဓာတ်ပုံကို ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြန်လည် မျှဝေခဲ့ပါတယ်။

ဓာတ်ပုံ - UNICEF

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက် တွေ့ဆုံကြမယ့် ကမ္ဘာကျော် ဘောလုံးသမား နှစ်ဦးရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက အမှတ်တရ ဓာတ်ပုံကို ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြန်လည် မျှဝေခဲ့ပါတယ်။

အဲဒီဓာတ်ပုံဟာ အရင်ကလည်း လူမှုကွန်ရက်ပေါ်မှာ ပေါ်ထွက်လာဖူးပြီး တကယ့် အစစ်အမှန် ဟုတ်မဟုတ် အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ယူနီဆက်ဖ်ကတော့ ဓာတ်ပုံရဲ့ စစ်မှန်မှုနဲ့ ပါဝင်သူတွေရဲ့ အကြောင်းအရာတွေကို အတည်ပြုပေးခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် မျှဝေထားတဲ့ ဓာတ်ပုံမှာတော့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက လာမိုင်းယာမဲလ်လို့ခေါ်တဲ့ ကလေးလေးနဲ့ သူ့မိခင် ရှိုင်လာတို့ဟာ ယူနီဆက်ဖ်ရဲ့ ရန်ပုံငွေ အစီအစဉ်တစ်ခုအတွက် ကမ္ဘာကျော် ဘောလုံးသမား မက်ဆီနဲ့ တွေ့ဆုံပြီး အတူ ဓာတ်ပုံရိုက်ခဲ့ကြောင်း ပုံညွှန်းစာ ရေးသားထားခဲ့ပါတယ်။ အခုတော့ အဲဒီ ဓာတ်ပုံလေးဟာ လူသန်းပေါင်းများစွာရဲ့ စိတ်နှလုံးကို ဖမ်းစားနေနိုင်ပြီလို့လည်း ယူနီဆက်ဖ်က ဆိုပါတယ်။

အကြောင်းကတော့ အဲဒီတုန်းက ကလေးသေးသေးကွေးကွေးလေး ဖြစ်ခဲ့တဲ့ ယာမဲလ်ဟာ အခုတော့ အသက် ၁၉ နှစ် ရှိနေပြီဖြစ်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲထိ တက်ရောက်လာတဲ့ စပိန်အသင်းအတွက် အဓိက ဦးဆောင် ကစားသမား တစ်ဦး ဖြစ်နေလို့ပါ။ ပြီးတော့ သူနဲ့အတူတွဲပြီး ယူနီဆက်ဖ်အတွက် ဓာတ်ပုံရိုက်ပေးခဲ့တဲ့ မက်ဆီကတော့ အသက် ၃၉ နှစ် အရွယ်ထိ တောက်ပနေဆဲ ဘောလုံးကြယ်ပွင့် တစ်ဦးအဖြစ် အာဂျင်တီးနား အသင်းကို အဓိက ဦးဆောင်ပြီး ဗိုလ်လုပွဲဆီ တက်လှမ်းလာနိုင်ခဲ့လို့ပါ။ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ယူနီဆက်ဖ် ရန်ပုံငွေ အစီအစဉ် တစ်ခုအတွက် ဓာတ်ပုံအတူရိုက်ခဲ့တဲ့ လူငယ်တစ်ယောက်နဲ့ ကလေးငယ် တစ်ဦးတို့ဟာ အခုတော့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲရဲ့ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက် ရင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မျက်မှောက်ကာလမှာတော့ မက်ဆီရော၊ ယာမဲလ်ပါ သူတို့ရဲ့ ကျော်ကြားမှု ပုံရိပ်ကို အသုံးပြုပြီး ယူနီဆက်ဖ်ရဲ့ နှလုံးလှ သံတမန်တွေအဖြစ် တာဝန်ယူရင်း ကမ္ဘာအနှံ့က ကလေးတွေ ကောင်းကျိုးအတွက် တက်တက်ကြွကြွ ကူညီပေးနေကြကြောင်းလည်း ယူနီဆက်ဖ်က ဆိုပါတယ်။ အဖွဲ့ကြီးရဲ့ ရည်မှန်းချက်ကတော့ ကလေးတွေ အားလုံး ရှင်သန်နိုင်ဖို့၊ ပျော်ရွှင် ကြီးပြင်းနိုင်ဖို့၊ တစ်ဦးချင်းစီရဲ့ အလားအလာကောင်းတွေ ပြည့်မြောက်လာစေဖို့ ဖြစ်တယ်လို့လည်း ယူနီဆက်ဖ်က ရေးသားထားပါတယ်။

မက်ဆီရော၊ ယာမဲလ်တို့ပါ စပိန်ထိပ်သီး ဘာစီလိုနာ ဘောလုံးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူတွေ ဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ ဘာစီလိုနာရဲ့ ကျောနံပါတ် ၁၀ ကို အသီးသီး ဝတ်ဆင် ကစားခဲ့ပြီး ယာမဲလ်က လက်ရှိအချိန်ထိ အသင်းမှာ ရှိနေသေးပေမယ့် မက်ဆီကတော့ အမေရိကန်ကလပ် အင်တာ မီယာမီမှာ ပါဝင်ကစားနေပါတယ်။

မက်ဆီဟာ မျိုးဆက်တစ်ခုအတွင်း အထူးချွန်ဆုံး ဘောလုံးသမား တစ်ဦးအဖြစ် ခြွင်းချက်မရှိ သတ်မှတ် ခံရပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၈ ကြိမ် ဆွတ်ခူးခဲ့ပြီးပါပြီ။ လက်ရှိ ကမ္ဘာ့ဖလားမှာလည်း ၈ ဂိုးထိ သွင်းယူပြီး ဂိုးသွင်းဘုရင် စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ယာမဲလ်ကတော့ နောက်ထပ် ဘောလုံးမျိုးဆက်မှာ အထူးချွန်ဆုံး ကစားသမား တစ်ဦးအနေနဲ့ သတ်မှတ် ခံထားရပြီး ကမ္ဘာ့ဖလား သွင်းဂိုး ၁ ဂိုး ရရှိထားပါတယ်။

မက်ဆီနဲ့ ယာမဲလ်တို့ ထိပ်တိုက် တွေ့ဆုံမယ့် အာဂျင်တီးနား-စပိန် ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကိုတော့ ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းမှာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာရှိတဲ့ MetLife ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကိုးကား: UNICEF

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပရိသတ်တွေအတွက် ထူးကဲတဲ့ နိုင်ပွဲတစ်ခုကို ယူဆောင်ပေးနိုင်ခဲ့ကြောင်း အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်ဂိုးဖန်တီး​ပေးတဲ့ မက်ဆီ ​အ​ကောင်းဆုံးကစားသမားဆုရ

နိုင်ငံတကာ

စပိန်နဲ့ ပွဲစဉ်မှာ သူ့အသင်းဟာ နည်းစနစ်ပိုင်းအရ လုံလုံလောက်လောက် စွမ်းဆောင်ရည် မကောင်းခဲ့ဘူးလို့ ပြင်သစ် မန်နေဂျာ ဒီဒီရာ ဒေးရွှမ့်က ဝန်ခံသွားခဲ့ပါတယ်။

နိုင်ငံတကာ

အလိုအပ်ဆုံး အချိန်မှာ အကောင်းဆုံး ‌ခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ စပိန်အသင်း မန်နေဂျာက ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။

Facebook