Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICC ရှေ့နေချုပ် ရာထူးက ထုတ်ပယ်ခံရ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အစိုးရရှေ့နေချုပ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အစိုးရရှေ့နေချုပ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ICCရဲ့ တတိယမြောက် အစိုးရ ရှေ့နေချုပ်အဖြစ် တင်မြှောက် ခံခဲ့ရတဲ့ ဗြိတိန် ဥပဒေရေးရာ ပညာရှင်ဟာ သူကြုံတွေ့ခဲ့တဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးတာဝန်တွေကနေ လပေါင်းအတော်ကြာ ဆိုင်းငံ့ခံထားခဲ့ရပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာတော့ သူ့ကို ထုတ်ပယ်ဖို့ သင့်မသင့် ICCမှာ မဲပေး ဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၈၂ မဲ၊ ကန့်ကွက်မဲ ၁၃ မဲ၊ ကြားနေ ၁၅ မဲဆိုတဲ့ ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ICCက ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ခန်းဟာ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ICC ဝန်ထမ်း အမျိုးသမီး တစ်ဦးနဲ့ မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေ ရှိခဲ့ကြောင်း ICCရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီက တွေ့ရှိခဲ့ပါတယ်။ ခန်းဟာ အဲဒီအမျိုးသမီးရဲ့ စွပ်စွဲ ထွက်ဆိုချက်တွေကို တားဆီးဖို့လည်း ကြိုးစားခဲ့တယ်လို့လည်း ဆိုပါတယ်။

ခန်းကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ ခန်းရဲ့ ရှေ့နေကတော့ ခန်းဟာ မျှတမှု ကင်းမဲ့တဲ့ အခြေအနေကို ဖြစ်နိုင်သမျှ ဥပဒေရေးရာ လမ်းကြောင်း အားလုံးကနေ တန်ပြန်သွားမယ်လို့ ပြောပါတယ်။ ရာထူးက ထုတ်ပယ် ခံရပြီးနောက်ပိုင်း ခန်းအနေနဲ့ အမှုအတွက် ဆက်လက်ပြီး တရားရင်ဆိုင်ရဦးမလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ခန်းကို စွပ်စွဲခဲ့တဲ့ လက်အောက်ငယ်သား မိန်းကလေးက ခန်းဟာ သူ့ကို ကာလရှည်ကြာ အနှောင့်အယှက် ပေးခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူတာ၊ မလျော်မကန် ထိကိုင်တာတွေပါ ရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် နယူးယောက်က ဟိုတယ်ခန်း တစ်ခုမှာတော့ ကိုယ်ထိလက်ရောက် စော်ကား တိုက်ခိုက်တဲ့ အခြေအနေထိ ဖြစ်ခဲ့ကြောင်းလည်း ဆိုပါတယ်။ အမျိုးသမီးက တရားရေးအရ စတင် စိန်ခေါ်လာချိန်မှာတော့ ခန်းက ဖိအားပေးပြီး တားဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ခန်းဟာ သူ့ရဲ့ ICC အစိုးရ ရှေ့နေချုပ် သက်တမ်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုတို့ကို ICC ဖမ်းဝရမ်းတွေ ထုတ်ဖြစ်အောင် အဓိက တွန်းအားပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၂၄ နှစ်ကုန်ပိုင်းတုန်းကလည်း ရိုဟင်ဂျာ မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်အပေါ် ဖမ်းဝရမ်း ထုတ်ပေးဖို့ ICCဆီမှာ တင်ပြ တောင်းဆိုခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို...

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုစစ်အရာရှိ တစ်ဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

နိုင်ငံတကာ

လိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေကို အကြောင်းပြုပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)ရဲ့အစိုးရရှေ့နေချုပ်ကာရင်မ်ခန်းဟာရာထူးတာဝန်ကနေဆိုင်းငံ့ ခံခဲ့ရပါတယ်။