Connect with us

Hi, what are you looking for?

LuduNwayOo

News

ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အီလက်ထရောနစ်ပုဒ်မနဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကို ထပ်တိုးတရားစွဲ

ထပ်တိုးတရားစွဲတဲ့ အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ) ဟာ ထောင်ဒဏ် အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကိုထောင်ဒဏ် ၂ နှစ်ချလိုက်ပြီး ရက်ပိုင်းအကြာမှာတင် အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ)နဲ့ စစ်ကောင်စီကထပ်မံ တရားစွဲဆိုလိုက်ပါတယ်။

ဒီလို နောက်ထပ်ပုဒ်မ တစ်ခုနဲ့ထပ်တိုးတရားစွဲတာကို ဦးဟံသာညိန်းရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးထားတာပါ။

ထပ်တိုးတရားစွဲတဲ့ အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ) ဟာ ထောင်ဒဏ် အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နောက် ပြီးခဲ့တဲ့နှစ် မတ်လ အတွင်း ပြည်တွင်းမီဒီယာ တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့က ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ကမာရွတ်မီဒီယာ တည်ထောင်သူ အမေရိကန် နိုင်ငံသားဦးနေသန်မောင်နဲ့ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းတို့ကိုအတင်းအဓမ္မ ဖမ်းဆီးသွားခဲ့တာပါ။

ဦးနေသန်မောင်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်ပြီးနောက် ဦးနေသန်မောင်ရဲ့ပြောပြချက်အရ သူတို့နှစ်ဦးကို စစ်ကြောရေးခေါ်ဆောင်သွားပြီး ညှဉ်းပမ်းတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီလို ပုဒ်မထပ်တိုးတာဟာ လည်း လွတ်မြောက်လာပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာတွေကို ကမ္ဘာသိအောင် ထုတ်ပြောခဲ့တဲ့အတွက် ထောင်ထဲမှာကျန်ခဲ့တဲ့ ကိုဟံသာညိန်းကို စစ်ကောင်စီက အငြိုးတကြီး နဲ့ လုပ်ဆောင်တာပဲဖြစ်တယ်လို့ ဦးနေသန်မောင်က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။

သတင်း

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

သတင်း

ဒီလို သေဒဏ်ကနေ ထောင်ဒဏ် တသက် ပြစ်ဒဏ်လျော့ကျခံရသူတွေရဲ့အမှုနဲ့အချက်အလက်တွေကို စစ်ကောင်စီက မထုတ်ပြန်ပါဘူး။

သတင်း

ထောင်ဒဏ် နှစ် ၄၀ ချခံရတဲ့အမျိုးသားကလွဲရင် ကျန်တဲ့ ၃ ဦးဟာ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) အဖွဲ့ဝင်တွေဖြစ်တယ်လို့ YRF က အတည်ပြုထုတ်ပြန်ထားဖူးပါတယ်။