Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘော မရောက်ခင် ပတ္တရားမှာ လမ်းပေါ် ပြည့်တန်ဆာတွေကို လိုက်ဖမ်း

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး လာရောက်ဆိုက်ကပ်မယ့် ခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဏာပိုင်တွေက လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - The Nation

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး လာရောက်ဆိုက်ကပ်မယ့် ခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဏာပိုင်တွေက လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၂၉ ရက်နေ့ ညပိုင်းတုန်းက ပြည့်တန်ဆာလုပ်ငန်း နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပတ္တရား ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အရာရှိတွေက ထိုင်း၊ လာအိုနဲ့ ယူဂန္ဓာတို့က အမျိုးသမီး တချို့ကို လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။

USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန်ရေတပ် တိုက်ရေယာဉ် အုပ်စုတစ်ခု ထိုင်းမှာ ကမ်းကပ်ရပ်နားမယ်လို့ ကြေညာထားချိန်မှာပဲ အခုလို လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို ပစ်မှတ်ထား ဖြိုခွင်းမှုမျိုး ပတ္တရားမှာ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အမေရိကန် ရေတပ်က ပတ္တရားလို့ ယုံကြည်ရတဲ့ ထိုင်းဆိပ်ကမ်းမြို့ တစ်ခုခုမှာ ဆိုက်ကပ်မယ့် Lincolnရဲ့ ခရီးစဉ်ဟာ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေး ရည်ရွယ်ချက်တွေအတွက် လုံးဝ မဟုတ်ဘဲ ရေတပ်သားတွေကို စိတ်အပန်းဖြေခွင့် ရစေဖို့အတွက်သာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

Lincolnဟာ ပင်လယ်ပြင်မှာ ၉ လကျော် ဆက်တိုက် တာဝန်ထမ်းဆောင်ထားရပြီး ရေတပ်သား ၅၀၀၀ ကျော်လောက်ဟာ အကြီးအကျယ် စိတ်ဖိစီးမှုတွေ ကြုံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် ရေတပ်က အဲဒီ သင်္ဘောကြီးအတွက် ထိုင်းနိုင်ငံ ခရီးစဉ်ကို စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၂၉ ရက်နေ့ ညပိုင်းမှာတော့ ပတ္တရား ကမ်းခြေတလျှောက်မှာ ထိုင်းအမျိုးသမီး ၁၈ ဦး၊ လာအိုက ၅ ဦးနဲ့ ယူဂန္ဓာ အမျိုးသမီး ၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ချွန်ဘူရီပြည်နယ် လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဌာန အကြီးအကဲ ဂျန်ဂျီရာ ထိုင်ဘွန်ဒစ်က ပြောပါတယ်။ ပတ္တရားဟာ ချွန်ဘူရီရဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။

လမ်းပေါ်က ပြည့်တန်ဆာ လုပ်ငန်းတွေကို ပစ်မှတ်ထား ဖြိုခွင်းတာဟာ တရားဥပဒေအရ ခွင့်ပြုမထားတဲ့ အဲဒီလုပ်ငန်းမှာ အသက်မပြည့်သေးသူတွေ ဆက်စပ်လာမှာကို တားဆီးဖို့ ဖြစ်တယ်လို့လည်း ဂျန်ဂျီရာက ဆိုပါတယ်။ မြို့ထဲမှာ ကလေးတွေကို စျေးရောင်းခိုင်းတာ၊ တောင်းစားခိုင်းတာမျိုးတွေကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ပတ္တရားမှာတော့ စျေးသည်တွေ၊ မြို့ခံပြည်သူတွေ အနေနဲ့ ရောက်ရှိလာသမျှ ခရီးသွားဧည့်သည်တွေ၊ နိုင်ငံခြားသားတွေ၊ အုံလိုက်ကျင်းလိုက် ရောက်လာဖွယ်ရှိတဲ့ စစ်သည်တွေအပေါ် နွေးထွေး ပျူငှာပြီး အိမ်ရှင်ကောင်း ပီသစွာ ဆက်ဆံကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာတွေမှာ လာလုပ်သူ မရှိသလောက် ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

သတင်း

တရားမဝင် ဝင်ရောက်အခြေချမှုတွေကို ဖြိုခွင်းတဲ့ စီမံချက် တစ်ခုအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်က ရထားဘူတာ တစ်ခုမှာ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook