Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Tomahawk ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ ပထမဆုံး ဖျက်သင်္ဘောကို ဂျပန်ရေတပ် ပိုင်ဆိုင်လာ

အမေရိကန်မှာ Tomahawk ပဲ့ထိန်းဒုံးကျည်စနစ် သွားရောက် တပ်ဆင်နေတဲ့ ဂျပန်ရေတပ် ဖျက်သင်္ဘောဟာ အခုအခါ မိခင်နိုင်ငံကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Kyodo

အမေရိကန်မှာ Tomahawk ပဲ့ထိန်းဒုံးကျည်စနစ် သွားရောက် တပ်ဆင်နေတဲ့ ဂျပန်ရေတပ် ဖျက်သင်္ဘောဟာ အခုအခါ မိခင်နိုင်ငံကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ချိုးကိုင်း ဖျက်သင်္ဘောဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အမေရိကန်ကို သွားရောက်ပြီး တာဝေးပစ်ခတ် တိုက်ခိုက်နိုင်တဲ့ အဆင့်မြင့် တာဝေး ခရုစ်ဒုံးကျည် လက်နက် စနစ်ကို ထည့်သွင်း တပ်ဆင်နေခဲ့တာပါ။ အဲဒီနောက် အမေရိကန် ကမ်းလွန်ရေပြင်မှာ Tomahawkဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို လက်တွေ့ လုပ်ဆောင်ပြီး ဩဂုတ် ၃၀ မှာ ဂျပန်ကို ပြန်လည် ရောက်ရှိလာတာလို့ သိရပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ နာဂါဆာကီမှာရှိတဲ့ ဆာဆီဘို ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ချိုးကိုင်းဟာ ဂျပန်ပြည်စောင့်တပ်ရဲ့ ရေယာဉ်တွေထဲမှာ အမေရိကန်ရဲ့ Tomahawk ဒုံးကျည်တွေ တပ်ဆင် ပစ်ခတ်နိုင်တဲ့ ပထမဆုံး ရေယာဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီလက်နက် စနစ်ကြောင့် ရေယာဉ်ရဲ့ စစ်ဆင်ရေး စွမ်းရည်ဟာ အများကြီး မြင့်တက်သွားမှာ ဖြစ်ပါတယ်။

အဲဒီဒုံးကျည်စနစ်ကို ပိုင်ဆိုင်လာခြင်းကြောင့် ဂျပန်ရေတပ်ဟာ တာဝေးက ရန်သူပစ်မှတ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်း ရှိလာပါတယ်။ ဒါဟာ စစ်ဆန့်ကျင်ရေး ဝါဒကို လက်ကိုင်ပြုပြီး ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်တွေကိုသာ အစဉ်တစိုက် အားကိုးခဲ့တဲ့ ဂျပန်ရဲ့ အစဉ်အလာနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။

Public Service Announcement

Public Service Announcement

ချိုးကိုင်းဟာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်တစ်နေရာမှာ ဇူလိုင်လတုန်းက Tomahawkဒုံးကျည် လက်တွေ့ စမ်းသပ် ပစ်ခတ်ခဲ့တာပါ။ အစွမ်းထက်တဲ့ Aegis ရေတပ်သုံး လက်နက်စနစ် တပ်ဆင်ပြီးသား ဂျပန်ရေတပ် ဖျက်သင်္ဘော ၈ စီးစလုံးဟာ Tomahawk ဒုံးကျည်စနစ်ကိုပါ တစ်သုတ်ချင်း ဖြည့်တင်း တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။

အရှေ့အာရှ ဒေသတွင်းမှာ ပြိုင်ဘက် တရုတ်နိုင်ငံရဲ့ စစ်အင်အား ချဲ့ထွင်လာမှု၊ ရုရှားနဲ့ တင်းမာမှု၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကြောင့် ဂျပန်ဟာ လက်နက်နည်းပညာနဲ့ လက်နက်အင်အားကို အဆင့်မြှင့် ဖြည့်တင်းနေပါတယ်။

ဂျပန်ပြည်စောင့်တပ်ရဲ့ လေတပ်ဟာလည်း တိုက်လေယာဉ်တွေမှာ တပ်ဆင်ပြီး တာဝေးပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ Joint Strike ဒုံးကျည်တွေကို နော်ဝေးကုမ္ပဏီ Kongsbergဆီကနေ စတင်လက်ခံရရှိနေကြောင်း သိရပါတယ်။

ကိုးကား: Japan Today

ဆက်စပ်သတင်းများ

သတင်း

နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တယ်ဆိုတဲ့ စစ်သင်္ဘော အသစ်တစ်စီးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံတကာ

ရေတပ်ရဲ့ ဖျက်သင်္ဘော အသစ်က ဒုံးကျည် လက်တွေ့ စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင် စောင့်ကြည့် ကွပ်ကဲခဲ့ပါတယ်။

နိုင်ငံတကာ

လတ်တလောမှာတော့ ယူကရိန်းဟာ အမေရိကန်ဆီက တာဝေးပစ် Tomahawk ခရုစ် ဒုံးကျည်တွေ ရရှိဖို့ မဖြစ်နိုင်လောက်သေးဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ အစွမ်းထက် စစ်လက်နက်တွေ ပိုမိုတိုးပွား ရရှိနိုင်ရေးအတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုခဲ့ပါတယ်။

Facebook