Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ထရမ့်ရေလက်ကြားလို့ ခေါ်သင့်ကြောင်း ထရမ့်အကြံပြု

ဟောမုဇ် ရေလက်ကြားရဲ့ နာမည်ကို သူ့နာမည် ပြောင်းသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပြု ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ဟောမုဇ် ရေလက်ကြားရဲ့ နာမည်ကို သူ့နာမည် ပြောင်းသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပြု ပြောကြားခဲ့ပါတယ်။

အီရန်တောင်ပိုင်းမှာ တည်ရှိပြီး နိုင်ငံတကာ စွမ်းအင်တင်ပို့မှုဆိုင်ရာ မဟာဗျူဟာ ရေလမ်းကြောင်းကို အမေရိကန်က ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားကြောင်း စက်တင်ဘာ ၂ ရက်နေ့မှာ ထရမ့်က အခိုင်အမာ ထပ်ပြောရင်း အဲဒီရေပြင်ကို ထရမ့် ရေလက်ကြားလို့ နာမည်ပြောင်းသင့်ကြောင်း မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ခြောက်လကျော်က အမေရိကန်နဲ့ စစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့နောက် အီရန်ဟာ ဟောမုဇ်မှာ အရပ်ဖက် ရေယာဉ်တွေ ဖြတ်သန်းခွင့်ကို ပိတ်ဆို့ထားလိုက်ပြီး အမေရိကန်အပေါ် ဖိအားပေးနေပါတယ်။

အခုဆိုရင် ဟောမုဇ်ဟာ အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီ ဖြစ်တာကြောင့် နာမည်ကိုလည်း အမေရိကန် နာမည် ပြောင်းသင့်တယ်လို့ ခံစားမိပြီး ထရမ့်ရေလက်ကြားဆိုတဲ့ နာမည်က ဘယ်လိုလဲလို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။ တကယ်သာ နာမည်ပြောင်းလိုက်ရင် အမေရိကမှာလိုပဲ အဲဒီရေလက်ကြားကလည်း ပိုပြီး hotဖြစ်လာမယ်လို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သိပ်မကြာခင်မှာပဲ အိမ်ဖြူတော်ကလည်း လူမှုကွန်ရက်ပေါ်မှာ ဟောမုဇ် ရေလက်ကြားရဲ့ မြေပုံဖြတ်ပိုင်းကို တင်ထားပြီး အညွှန်းစာကိုတော့ ထရမ့်ရေလက်ကြားလို့ ပြောင်းလဲရေးသားထားတာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီ အသုံးအနှုန်းက ပိုပြီး နားဝင်ချိုတယ်လို့လည်း ရေးသားထားပါတယ်။

အသက် ၈၀ အရွယ် ထရမ့်ဟာ နိုင်ငံတကာ အသိအမှတ်ပြု ရေပြင်နာမည်တွေကို သူ့စိတ်တိုင်းကျ တစ်ဖက်သတ် လျှောက်ပြောင်းပစ်ချင်တာမျိုးက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သူဟာ အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်ရောက်လာပြီးပြီးချင်း မကြာခင်မှာပဲ မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့လို့ ပြောင်းလဲ ခေါ်ဝေါ်စေခဲ့သလို အွန်တေရီယို ရေကန်ကြီးကိုလည်း အမေရိက ရေကန်လို့ နာမည်ပြောင်းစေခဲ့ပါတယ်။ အဲဒီ လုပ်ရပ်တွေအတွက် အမေရိကန်ရဲ့ အိမ်နီးချင်း မက္ကဆီကိုနဲ့ ကနေဒါ အစိုးရတွေကလည်း အပြင်းအထန် ကန့်ကွက် ဆန့်ကျင်ခဲ့ကြပါတယ်။

ရေပြင်တွေရဲ့ နာမည်တွေသာ မကဘဲ မြောက်အမေရိကတိုက်မှာ အမြင့်ဆုံး တောင်ထိပ်ဖြစ်တဲ့ ဒန်နာလီရဲ့ နာမည်ကိုလည်း မက်ကင်လေတောင်လို့ ပြောင်းလဲ ခေါ်ဝေါ်စေခဲ့ပါသေးတယ်။ နေရာဒေသတွေရဲ့ နာမည်တွေသာ မကဘဲ အဆောက်အအုံနဲ့ စာရွက်စာတမ်းတွေကိုလည်း သူ့နာမည် မှည့်ခေါ်စေတာ၊ ထည့်သွင်းစေတာတွေ ထရမ့်က လုပ်ခဲ့ပါသေးတယ်။ ဥပမာ ဝါရှင်တန် ဒီစီမှာရှိတဲ့ ကနေဒီ အနုပညာစင်တာကိုလည်း ဒေါ်နယ်လ်ထရမ့်နှင့် ဂျွန်အက်ဖ်ကနေဒီ အမှတ်တရ အနုပညာစင်တာလို့ နာမည် ပြောင်းစေခဲ့သလို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အခွင့်ထူးခံ ကတ်တစ်ခုကိုလည်း ထရမ့်ရွှေရောင်ကတ်လို့ ခေါ်တွင်စေခဲ့ပါတယ်။

ထရမ့်က ဟောမုဇ်ရေလက်ကြားဟာ အမေရိကန်ရဲ့ အချုပ်အခြာ ပိုင်နက်နယ်မြေ ဖြစ်သင့်တယ်ဆိုတဲ့ သဘောထားကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပိုပြီး သိသိသာသာ ဝါဒဖြန့် ပြောဆိုလာသလို အဲဒီရေလမ်းကြောင်းရဲ့ မြေပုံကို ‘အမေရိကန်ရဲ့ နယ်မြေသစ်’ဆိုတဲ့ အညွှန်းစာနဲ့ တွဲပြီးပါ လူမှုကွန်ရက်ပေါ် တင်ခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

နိုင်ငံတကာ

ကလေးငယ် အပါအဝင် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အမေရိကန် တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။

သတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။