Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပတ္တရားရောက် အမေရိကန် ရေတပ်သားတွေက ၅ ရက်အတွင်း ဘတ်သန်း ၁၀၀ လောက် အသုံးပြုမယ်လို့ ခန့်မှန်းထား

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

ဓာတ်ပုံ - Getty Images

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

ပင်လယ်ပြင်မှာ ၉ လကျော်လောက် ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ရတဲ့နောက် ရေတပ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ တိုးလာတဲ့အတွက် အမေရိကန် ရေတပ်ဟာ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးကို အရှေ့အလယ်ပိုင်းဒေသ ရေပြင်ကနေ ပြန်လည်ခေါ်ယူပြီး ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀၀ ကျော်ကို အပန်းဖြေ ခရီးစဉ်အဖြစ် ပတ္တယားစီ စေလွှတ်ပေးခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့မှာတော့ Lincolnဟာ ပတ္တယားက လမ်ချာဘန် ဆိပ်ကမ်းမှာ ကမ်းကပ်ရပ်နားခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေဟာလည်း မနှစ်က နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ကမ်းပေါ်တက်ပြီး လည်ပတ်ခွင့် ရခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာတော့ ပတ္တယားက Hard Rock ဟိုတယ်ဆီကို အမေရိကန် ရေတပ်သားတွေက ဘတ်စ်ကားတွေ၊ ဗင်ကားတွေနဲ့ တစ်သုတ်ချင်းစီ ရောက်လာကြပါတယ်။ အဲဒီ ဟိုတယ်ဟာ ၅ ရက်ကြာ အပန်းဖြေ ခရီးစဉ် အတောအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေအတွက် စုရပ်အဖြစ် သတ်မှတ်ထားမယ့် နေရာပါ။ ဟိုတယ်နားမှာတော့ ဧည့်သည် အမေရိကန် စစ်မှုထမ်းတွေ အသုံးပြုရ လွယ်စေဖို့အတွက် ကားတွေမှာ တပ်ဆင်ထားတဲ့ ရွေ့လျား အလိုအလျောက် ငွေထုတ် (ATM) စက်တွေကို စီစဉ်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပတ္တယားမြို့တော် အုပ်ချုပ်ရေး အဖွဲ့ကတော့ ၅ ရက်ကြာ ကာလအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ပတ္တယားမှာ ဘတ်ငွေ သန်း ၁၀၀ လောက် သုံးစွဲမယ်လို့ ယုံကြည်ရပြီး မြို့ရဲ့ စီးပွားရေးအတွက် ကြီးမားတဲ့ အထောက်အပံ့ကောင်း ရရှိစေမယ်လို့ မျှော်လင့်နေပါတယ်။

အမေရိကန်တပ်တွေ ရောက်လာချိန်မှာ ပတ္တယား မြို့တော်ဝန် ပိုရာမတ် ငမ်ပီချတ်၊ မြို့ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး အန်နက် ဆာသောင်ယုနဲ့ တခြားအရာရှိတွေကိုယ်တိုင် ကြိုဆိုခဲ့ပါတယ်။ Lincolnရဲ့ ရေယာဉ်မှူးဖြစ်သူ ဒန်ကီလာက အမေရိကန် တပ်ဖွဲ့ဝင်တွေကို ဖော်ရွေနွေးထွေးစွာ ကြိုဆိုပေးတဲ့အတွက် ပတ္တယားမြို့ခံတွေကို ကျေးဇူးတင်ကြောင်း၊ ရေတပ်သားတွေ အားလုံး ပျော်ရွှင်နေပြီး စိတ်လက်အပန်းဖြေဖို့ အရမ်း တက်ကြွနေကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ Lincoln သင်္ဘောကြီးရဲ့ အပေါ်ပိုင်း မြင်ကွင်းပုံမျိုး ဖန်တီးထားပြီး အမေရိကန် သမ္မတဟောင်း လင်ကွန်းရဲ့ ပုံကိုပါ ထည့်သွင်း ထွင်းထုထားတဲ့ သစ်သားပြားလေး တစ်ခုကို ကီလာက မြို့တော်ဝန်ဆီ လက်ဆောင်ပေးခဲ့ပါတယ်။

Lincolnရဲ့ ခရီးစဉ်ကြောင့် ပတ္တယားကို ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေက ပိုမို အာရုံစိုက်လာကြောင်း၊ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မြို့ရဲ့ ဖွံ့ဖြိုးမှုနဲ့ ပုံရိပ်ကောင်းတွေကို ပြသဖို့လိုကြောင်း ပိုရာမတ်က သတင်းထောက်တွေကို ပြောပါတယ်။

မြို့ထဲမှာ လည်ပတ်မယ့် အမေရိကန် ရေတပ်သားတွေအပေါ် ကန့်သတ်မှုတွေ ရှိလိမ့်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ မြို့တော်ဝန်က စည်းမျဉ်း အများစုဟာ လုံခြုံရေးအတွက် အမေရိကန် ရေတပ်က သတ်မှတ်တာဖြစ်ပြီး ပတ္တယားမြို့တော် အုပ်ချုပ်ရေး အဖွဲ့က သတ်မှတ်တာ မဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဥပမာ အမေရိကန် ရေတပ်သားတွေဟာ ပင်လယ်ပြင်မှာ ဂျက်စကီး စီးတာမျိုးတွေ လုပ်ခွင့်ရှိမှာ မဟုတ်ပါဘူး။

မြို့ထဲက ဆေးခြောက်ဆိုင်တွေဆီ အမေရိကန် ရေတပ်သားတွေ မသွားကြဖို့ ရေတပ်က ညွှန်ကြားထားသလို ဆေးဆိုင်တွေကိုလည်း မသွားကြဖို့ အမိန့်ထုတ်ထားပါတယ်။ အကြောင်းကတော့ ထိုင်းက ဆေးဆိုင်တွေမှာ ရောင်းချတဲ့ ဆေးဝါးတချို့ဟာ အမေရိကန်မှာ ဥပဒေနဲ့ ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။ ပြီးတော့ မြို့ထဲက သတ်မှတ်ဇုန် နေရာတချို့ကို ရှောင်ကြဉ်ကြဖို့လည်း ရေတပ်က အမှုထမ်းတွေကို အသိပေးထားပါတယ်။

ရဲမှူးကြီး အန်နက်ကတော့ အမေရိကန် ရေတပ်သားတွေ မြို့ထဲမှာ ရှိနေချိန် အတောအတွင်း သူတို့ရဲ့ လုံခြုံရေးကို အလေးထား ကူညီ စောင့်ရှောက်ပေးမယ်လို့ ပြောပေမယ့် ဇုန်တွေ တိတိကျကျ သတ်မှတ်ပြီး ပိုမို အာရုံစိုက်တာမျိုးတော့ ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပတ္တယားဟာ ထိုင်းမှာတော့ လှပတဲ့ ကမ်းခြေတွေ၊ ညဉ့်နက်အချိန်ထိ သက်ဝင်မြူးကြွနေတဲ့ လူနေမှုပုံစံနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားပါတယ်။ ပြီးတော့ ဗီယက်နမ် စစ်ပွဲကာလ ကတည်းက အမေရိကန် တပ်ဖွဲ့ဝင်တွေ သွားရောက် အပန်းဖြေ အနားယူလေ့ရှိတဲ့ နေရာတစ်ခုအဖြစ် လူသိများပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ ထိုင်းနိုင်ငံရဲ့ အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တယားဆီ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။