Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပတ္တယားဆိပ်ကမ်းကနေ အမေရိကန် လေယာဉ်တင်သင်္ဘော ပြန်လည်ထွက်ခွာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - TNN

စက်တင်ဘာ – ၆ ၊၂၀၂၆

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန် စစ်ပွဲ အပါအဝင် စစ်ဆင်ရေးတွေမှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀ ကျော်ကို စိတ်လက်အပန်းဖြေစေဖို့အတွက် လဆန်းပိုင်းတုန်းက Lincolnကို ပတ္တယားမှာ လာရောက် ဆိုက်ကပ်စေခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်မှာတော့ Lincolnဟာ ပတ္တယားကနေ ပြန်လည် ထွက်ခွာခဲ့ပြီလို့ ရေတပ်က အတည်ပြုခဲ့ပါတယ်။ Lincolnရဲ့ ဦးစီးမှူးဖြစ်သူ ဒန်ကီလာက ထူးကဲလှတဲ့ ဧည့်ဝတ်ကျေပြွန်မှုတွေအတွက် ထိုင်းပြည်သူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Lincolnဟာ ၉ လလောက် စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရတဲ့နောက် ရေတပ်သားတွေမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်ပေါ်လာကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အရှေ့အလယ်ပိုင်းကနေ ပြန်လည်ခေါ်ယူပြီး ထိုင်းကို အပန်းဖြေခရီး ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်ကို ကြေညာချိန် ကတည်းက စစ်ရေး၊ လေ့ကျင့်ရေး ရည်ရွယ်ချက်တွေ လုံးဝမပါဘဲ စိတ်အပန်းဖြေမှု အတွက်သာ ဖြစ်တယ်လို့ ရေတပ်က ကြေညာထားပါတယ်။ ပတ္တယားဟာ ဗီယက်နမ်စစ်ပွဲ ကာလကတည်းက အမေရိကန် စစ်သည်တွေ သွားရောက် အပန်းဖြေလေ့ရှိတဲ့ နေရာတစ်ခုအဖြစ် လူသိများပါတယ်။

အမေရိကန် ရေတပ်ကတော့ မစ်ရှင်တွေဟာ ၆ လကနေ ၉ လလောက် ကြာမြင့်တတ်တာ ပုံမှန်အခြေအနေဖြစ်ပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ကာလတွေမှာ အဲဒီထက် ပိုကြာနိုင်ကြောင်း ပြောပါတယ်။

နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးဟာ စက်တင်ဘာ ၂ ရက်နေ့မှာ ပတ္တယားကို ဆိုက်ရောက်ခဲ့တဲ့နောက် ရိက္ခာဖြည့်တင်းမှုနဲ့ အသေးစား ပြင်ဆင်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရေတပ်သားတွေဟာ ကမ်းပေါ်တက်ပြီး လည်ပတ်ခွင့်၊ အပန်းဖြေခွင့် ရခဲ့ကြပြီး အခုတော့ ထိုင်းကနေ ပြန်လည် ထွက်ခွာခဲ့တာပါ။

လေယာဉ်တင် သင်္ဘောကြီးဟာ စစ်ရေးဖြန့်ကျက်မှု အစီအစဉ် ပြီးဆုံးလို့ အမေရိကန်ကို ပြန်တော့မှာပါ။ Lincolnဟာ မနှစ်က နိုဝင်ဘာလတုန်းက အမေရိကန်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပင်လယ်ပြင်မှာပဲ ကာလရှည်ကြာ စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှာ ကမ်းကပ်ရပ်နားထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnရဲ့ ကိုယ်ထည်အနှံ့ သံချေးတွေ အများအပြား တက်နေတာကို တွေ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ ထိုင်းနိုင်ငံရဲ့ အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တယားဆီ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။