Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပတ္တယားဆိပ်ကမ်းကနေ အမေရိကန် လေယာဉ်တင်သင်္ဘော ပြန်လည်ထွက်ခွာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - TNN

စက်တင်ဘာ – ၆ ၊၂၀၂၆

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန် စစ်ပွဲ အပါအဝင် စစ်ဆင်ရေးတွေမှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀ ကျော်ကို စိတ်လက်အပန်းဖြေစေဖို့အတွက် လဆန်းပိုင်းတုန်းက Lincolnကို ပတ္တယားမှာ လာရောက် ဆိုက်ကပ်စေခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်မှာတော့ Lincolnဟာ ပတ္တယားကနေ ပြန်လည် ထွက်ခွာခဲ့ပြီလို့ ရေတပ်က အတည်ပြုခဲ့ပါတယ်။ Lincolnရဲ့ ဦးစီးမှူးဖြစ်သူ ဒန်ကီလာက ထူးကဲလှတဲ့ ဧည့်ဝတ်ကျေပြွန်မှုတွေအတွက် ထိုင်းပြည်သူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Lincolnဟာ ၉ လလောက် စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရတဲ့နောက် ရေတပ်သားတွေမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်ပေါ်လာကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အရှေ့အလယ်ပိုင်းကနေ ပြန်လည်ခေါ်ယူပြီး ထိုင်းကို အပန်းဖြေခရီး ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်ကို ကြေညာချိန် ကတည်းက စစ်ရေး၊ လေ့ကျင့်ရေး ရည်ရွယ်ချက်တွေ လုံးဝမပါဘဲ စိတ်အပန်းဖြေမှု အတွက်သာ ဖြစ်တယ်လို့ ရေတပ်က ကြေညာထားပါတယ်။ ပတ္တယားဟာ ဗီယက်နမ်စစ်ပွဲ ကာလကတည်းက အမေရိကန် စစ်သည်တွေ သွားရောက် အပန်းဖြေလေ့ရှိတဲ့ နေရာတစ်ခုအဖြစ် လူသိများပါတယ်။

အမေရိကန် ရေတပ်ကတော့ မစ်ရှင်တွေဟာ ၆ လကနေ ၉ လလောက် ကြာမြင့်တတ်တာ ပုံမှန်အခြေအနေဖြစ်ပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ကာလတွေမှာ အဲဒီထက် ပိုကြာနိုင်ကြောင်း ပြောပါတယ်။

နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးဟာ စက်တင်ဘာ ၂ ရက်နေ့မှာ ပတ္တယားကို ဆိုက်ရောက်ခဲ့တဲ့နောက် ရိက္ခာဖြည့်တင်းမှုနဲ့ အသေးစား ပြင်ဆင်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရေတပ်သားတွေဟာ ကမ်းပေါ်တက်ပြီး လည်ပတ်ခွင့်၊ အပန်းဖြေခွင့် ရခဲ့ကြပြီး အခုတော့ ထိုင်းကနေ ပြန်လည် ထွက်ခွာခဲ့တာပါ။

လေယာဉ်တင် သင်္ဘောကြီးဟာ စစ်ရေးဖြန့်ကျက်မှု အစီအစဉ် ပြီးဆုံးလို့ အမေရိကန်ကို ပြန်တော့မှာပါ။ Lincolnဟာ မနှစ်က နိုဝင်ဘာလတုန်းက အမေရိကန်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပင်လယ်ပြင်မှာပဲ ကာလရှည်ကြာ စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာတွေမှာ လာလုပ်သူ မရှိသလောက် ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

သတင်း

တရားမဝင် ဝင်ရောက်အခြေချမှုတွေကို ဖြိုခွင်းတဲ့ စီမံချက် တစ်ခုအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်က ရထားဘူတာ တစ်ခုမှာ မြန်မာ ၂၇ ဦး အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook