Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲ ရလဒ်က စစ်ပွဲကို လူထုက ငြင်းပယ်တဲ့ သတင်းစကား ဖြစ်လာကြောင်း အီရန်ပြော

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူတွေဟာ စစ်ပွဲကို ငြင်းပယ်တဲ့ သတင်းစကားလည်း ဖြစ်လာတယ်လို့ အီရန် လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Tasnim news agency

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူတွေဟာ စစ်ပွဲကို ငြင်းပယ်တဲ့ သတင်းစကားလည်း ဖြစ်လာတယ်လို့ အီရန် လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘက်ဂါ ဂါလီဘက်ဖ်ဟာ စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ အီရန်အတွက် အဓိက ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ အမေရိကန် မဲဆန္ဒရှင်တွေဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီထက် အတိုက်အခံ ဒီမိုကရက်တစ် ပါတီကို ထောက်ခံမဲတွေ ပိုပြီး ပေးအပ်ခဲ့ကြပါတယ်။

အကျိုးဆက် အနေနဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ အင်အား အသာစီးနဲ့ ထိန်းချုပ်ထားနိုင်ခဲ့မှုကို လက်လွှတ် ဆုံးရှုံးလိုက်ရပါတယ်။ သမ္မတရာထူးမှာ ထရမ့်က ဆက်ရှိနေပေမယ့် လွှတ်တော် နှစ်ခုစလုံးကိုတော့ အတိုက်အခံ အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်သူတွေဟာ စစ်ပွဲကို ဆန့်ကျင်ကြောင်း ပြသဖို့ မဲပေးခဲ့တာ ဖြစ်ကြောင်း၊ အဲဒီ သတင်းစကားကို အီရန်ကလည်း ထောက်ခံကြောင်း ဂါလီဘက်ဖ်က လူမှုကွန်ရက် မီဒီယာ Xမှာ နိုဝင်ဘာ ၄ ရက်နေ့တုန်းက ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရဟာ လူထုရဲ့ ဆန္ဒအပေါ် သစ္စာဖောက်ပြီး နိုင်ငံတကာ ကြိုးကိုင်သူတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်သူတွေရဲ့ အကျိုးစီးပွား အတွက်ပဲ အလုပ်လုပ်ပေးနေတဲ့အခါ လူထုရဲ့ ငြင်းဆိုမှု နောက်ကွယ်မှာ အိပ်မက်ဆိုးတစ်ခု ရှိနေတယ် ဆိုတာကို သိသွားလိမ့်မယ်လို့ ဂါလီဘက်ဖ်က ဆိုပါတယ်။

ထရမ့်ကလည်း ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အခြေမလှခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ အီရန်စစ်ပွဲ၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လောင်စာဆီစျေး မြင့်တက်မှုတွေက အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ နောင်တ မရဘူးလို့ ထရမ့်က ဆိုပါတယ်။

Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က ရွေးကောက်ပွဲ ရလဒ် မကောင်းခဲ့ခြင်းမှာ အီရန်စစ်ပွဲကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်နေတယ်လို့ သူထင်ကြောင်း၊ ပြည်သူတွေက အီရန်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကို သဘောတူပေမယ့် စစ်ကြောင့် ကြုံလာတဲ့ ရေတို သက်ရောက်မှုမျိုး၊ ဆီစျေးပိုကြီးလာတာမျိုးကိုတော့ မကြိုက်ကြကြောင်း၊ ဒါကို သူနားလည်နိုင်ကြောင်း ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကတော့ ထရမ့်က သက်တမ်းဝက် ရွေးကောက်ပွဲ အပြီးမှာ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်အပေါ် တိုက်ခိုက်မှုတွေ အရှိန်အဟုန်နဲ့ ပြန်လည် စတင်လာနိုင်ကြောင်း သတိပေးထားဖူးပါတယ်။ လတ်တလောမှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ အလွတ်သဘော အပစ်အခတ် ရပ်စဲထားကြပါတယ်။

အီရန် အစိုးရကတော့ တကယ်လို့ အမေရိကန်ကသာ စစ်ပွဲပြန်စဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် အမှားကြီးတစ်ခု ကျူးလွန်မိတာ ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။ နောက်ပြီး စစ်ပွဲကို ပြန်စလိုက်ပြီ ဆိုတာနဲ့ ထရမ့်က ထိန်းသိမ်းကိုင်တွယ်နိုင်စွမ်း မရှိလောက်တဲ့ထိ ကျယ်ပြန့်သွားလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။

ရွေးကောက်ပွဲ နေ့မှာတော့ ထရမ့်က အီရန်အစိုးရဟာ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အပူတပြင်း ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာတော့ အီရန် အစ္စလာမ်မစ် တော်လှန်ရေးတပ် (IRGC)က အီရန်တောင်ပိုင်း ကမ်းလွန် ဟောမုဇ် ရေလက်ကြားမှာ ရေမြှုပ်မိုင်းတွေထိလို့ ရေနံတင် သင်္ဘော ၄ စီး မီးလောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook