Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းကမ်းလွန်မှာ လောင်စာဆီတင်သင်္ဘော နစ်မြုပ်ပြီး သင်္ဘောသား ၆ ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ကမ်းလွန်ရေပြင်မှာ လောင်စာဆီတင် သင်္ဘောတစ်စီး နစ်မြုပ်ပြီး ပျောက်ဆုံးနေသူ သင်္ဘောသား ၆ ဦးကို ထိုင်းရေတပ်က လိုက်လံ ရှာဖွေနေပါတယ်။

ဓာတ်ပုံ - Royal Thai Navy

ထိုင်းနိုင်ငံ ကမ်းလွန်ရေပြင်မှာ လောင်စာဆီတင် သင်္ဘောတစ်စီး နစ်မြုပ်ပြီး ပျောက်ဆုံးနေသူ သင်္ဘောသား ၆ ဦးကို ထိုင်းရေတပ်က လိုက်လံ ရှာဖွေနေပါတယ်။

ထိုင်းတော်ဝင်ရေတပ်က Venus 14 ရေယာဉ် နစ်မြုပ်မှု သတင်းနဲ့ သင်္ဘောသား ၆ ဦး ပျောက်ဆုံးနေကြောင်းကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ငါးဖမ်းလုပ်ငန်းတွေအတွက် လောင်စာဆီ လိုက်လံဖြည့်တင်း ပို့ဆောင်ပေးတဲ့ သင်္ဘောဟာ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းတုန်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီ ကမ်းလွန်ကနေ ၂၇ မိုင်လောက်အကွာ ရေပြင်မှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘော နစ်မြုပ်တဲ့ သတင်းကို ကြားကြားချင်း ထိုင်းရေတပ်ဟာ ကင်းလှည့်ရေယာဉ် တစ်စီးနဲ့ ကင်းလှည့်လေယာဉ် တစ်စီးကို ရှာဖွေကယ်ဆယ်ရေး မစ်ရှင်အတွက် စေလွှတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရေတပ်ဟာ ရေပြင်ပေါ်မှာ ဆီတွေဝေ့နေတာကို ရှာတွေ့ပြီး သင်္ဘော နစ်မြုပ်တဲ့ နေရာကို အတည်ပြုနိုင်ခဲ့သလို အနီးတဝိုက်မှာ ဖြတ်သန်းသွားတဲ့ ရေယာဉ်တွေ အနေနဲ့လည်း ပျောက်ဆုံး သင်္ဘောသားတွေကို တွေ့ရင် ကူညီကယ်ဆယ်ဖို့ အကြောင်းကြားထားပါတယ်။

Venus 14ဟာ ရေနံတင် သင်္ဘော အငယ်စား အမျိုးအစားဖြစ်ပြီး စုစုပေါင်း အမှုထမ်း ဘယ်နှယောက် လိုက်ပါသွားခဲ့သလဲ ဆိုတာနဲ့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူတွေ ရှိသလား ဆိုတာကိုတော့ ထိုင်းရေတပ်က မထုတ်ပြန်ထားပါဘူး။ ပျောက်ဆုံးနေတယ်ဆိုတဲ့ သင်္ဘောသား ၆ ယောက်ကလည်း ဘယ်နိုင်ငံသားတွေလဲ ဆိုတာကို မသိရသေးပါဘူး။ သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲပါ။

ထိုင်းရေတပ်က ပျောက်ဆုံး သင်္ဘောသားတွေကို လိုက်ရှာနေသလို သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ပင်လယ်ရေ ညစ်ညမ်းမှုကို ဖြစ်စေနိုင်တဲ့ ဆီကွက်တွေကို ရှင်းလင်းဖို့ ပြင်ဆင်နေပါတယ်။

ထိုင်းရေတပ်ကတော့ ပင်လယ်ပြင်မှာ ဒုက္ခကြုံနေသူတွေကို ကယ်ဆယ်ဖို့ အမြဲတမ်း အသင့်အနေအထား နိုးနိုးကြားကြား ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: National

ဆက်စပ်သတင်းများ

Facebook