Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဂျင်တီးနား လေတပ်နဲ့ ရေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် အီရန်သတ်မှတ်

အာဂျင်တီးနား ရေတပ်နဲ့ လေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်လိုက်ကြောင်း အီရန်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အာဂျင်တီးနား ရေတပ်နဲ့ လေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်လိုက်ကြောင်း အီရန်က ကြေညာခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ဟာ ဧပြီလတုန်းက အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်တဲ့ အာဂျင်တီးနားရဲ့ လုပ်ရပ်ကို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မဟာမိတ် နိုင်ငံတွေ အနေနဲ့ IRGCကို အကြမ်းဖက် အဖွဲ့အဖြစ် စာရင်းသွင်း သတ်မှတ်ဖို့ တိုက်တွန်း တောင်းဆိုခဲ့တဲ့နောက် အာဂျင်တီးနားကလည်း လက်တွေ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အီရန်အနေနဲ့ တူညီတဲ့ တုံ့ပြန်မှု လုပ်ထုံးလုပ်နည်းတွေကို အခြေပြုပြီး အာဂျင်တီးနား လေတပ်နဲ့ ရေတပ်ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်လိုက်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုသတ်မှတ်ချက်ရဲ့ နောက်ဆက်တွဲ ကြုံလာမယ့် အကျိုးဆက်တွေ အားလုံးဟာလည်း အာဂျင်တီးနား အစိုးရအပေါ်မှာပဲ တာဝန်ရှိစေလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဧပြီလတုန်းက IRGCကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာချိန်မှာတော့ IRGCက လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို အားပေးကူညီတာကြောင့်လို့ အာဂျင်တီးနားဖက်က အကြောင်းပြချက် ပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်တုန်းက အာဂျင်တီးနားနိုင်ငံ၊ ဗျူရိုအေးရိစ်မြို့တော်က ဂျူးလူ့အဖွဲ့အစည်း စင်တာတစ်ခုကို ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈၅ ဦးသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံသမိုင်းမှာ အဆိုးဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကို ဟစ်ဇ်ဘိုလာတွေက ကျူးလွန်ခဲ့ကြောင်း အာဂျင်တီးနားက စွပ်စွဲထားပါတယ်။

IRGCဟာ အီရန်မှာ အင်အား၊ နည်းပညာ၊ ဘဏ္ဍာရေး ကျောထောက်နောက်ခံ အတောင့်တင်းဆုံး လက်နက်ကိုင် အင်အားစုဖြစ်ပြီး နိုင်ငံရဲ့ အဓိပတိကို တိုက်ရိုက်သစ္စာခံပါတယ်။ ပြီးတော့ အီရန်ရဲ့ စီးပွားရေး အရင်းအမြစ် အများစုကိုလည်း IRGCက ထိန်းချုပ်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ