Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေရေဘေးပိုဆိုးလာပြီး အရေးပေါ်အကူအညီလိုအပ်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေဘေးကြုံတွေ့နေရတဲ့ ညောင် ရွှေမြို့နယ်အတွင်း မိုးဆက်ရွာနေတာ​ကြောင့် ကယ်ဆယ်ရေးအတွက် အရေးပေါ် အကူအညီ တွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

(ညောင်ရွှေမြို့ ​ရေကြီး​နေတာကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

နိုဝင်ဘာ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေဘေးကြုံတွေ့နေရတဲ့ ညောင် ရွှေမြို့နယ်အတွင်း မိုးဆက်ရွာနေတာ​ကြောင့် ကယ်ဆယ်ရေးအတွက် အရေးပေါ် အကူအညီ တွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ညောင်ရွှေ၊မိုးနဲ၊ဟိုပုံး၊ တောင်ကြီး၊လဲချား၊လွိုင်လင်နဲ့နမ့်စန်မြို့နယ်တွေမှာမြေနိမ့်ပိုင်း‌ရေ ရေနစ်မြုပ်နေပြီး ညောင်ရွှေမြို့မှာ အဆိုးဆုံးရင်ဆိုင်နေရတာလို့ သိရပါတယ်။

“ညကရေနည်းနည်း ပြန်ကျပြီး မိုးကပြန်ရွာလာတာ။အခုမြို့ထဲ‌တွေမှာအောက်ထပ်တွေမြုပ်ကုန်ပြီ။အပေါ်ထပ်တွေမှာပြောင်းနေပြီး အရေးပေါ်ကယ်ထုတ်ရမယ့်သူတွေလည်းရှိနေတယ်။ကယ်ဆယ်ရေးအင်အားမလောက်ဘူး”လို့ မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးကမရပ်ဘဲဆက်ရွာနေတဲ့အတွက်ဒေသခံတွေဟာစိုးရိမ်နေကြပါတယ်။နေအိမ်တွေထဲက မဖြစ်မနေ​ရွေ့ရမယ့်ပစ္စည်းတွေကို ကုန်းမြင့်တွေမှာ သွားထားနေကြပြီးတစ်မြို့လုံးဟာ ရုတ်တရက်ရင်ဆိုင်ရတဲ့ ရေဘေးကြောင့် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။

နိုဝင်ဘာလ၁၂ရက်နေ့ခင်းပိုင်းအထိ မြို့တစ်ဝက်နီးပါး ရေဘေးကြုံနေပြီး အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသတွင်း ရေဘေး အခြေအနေကို အသိပေးနေတဲ့ TGI Support Revolution က ဖော်ပြထားပါတယ်။

“တောင်လေးလုံးဖက်ကလာတဲ့ရေတွေကလည်းတိုး။ ညောင်ရွှေရဲ့ အရှေ့ဖက်ကတောင်တန်းတွေပေါ်ကလာတဲ့ တောင်ကျရေတွေရယ်၊ ရွှေညောင်ကလာတဲ့ရတွေရယ်စုပီး ညောင်ရွှေဟာ ပင်လယ်ပြင်ပမာ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေပါတယ်”လို့ TGI Support Revolutionက အသိပေးထားပါတယ်။

ညောင်ရွှေမြို့ထဲကဝင်းရပ်၊ မြို့လယ်ရပ်၊ သာစည်ရပ်၊ နန်းပန်ရပ်၊ ကံသာရပ်တို့မှာ အိမ်အပေါ်ထပ်တွေထိရေ မြုပ်နေပြီး အ​ရေး​ပေါ်ကူညီကယ်ဆယ်ရေးတွေလည်း လိုက်ကူကြပေမယ့် လူအင်အား မလောက်ငှကြတာမို့ အကူအညီတွေပေးကြဖို့ ဒေသခံတွေနဲ့ လူမှုကူညီ ရေးအဖွဲ့အချို့က တောင်းဆိုထားပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ထဲကလူမှုရေးအဖွဲ့အချို့ ညောင် ရွှေမြို့ကိုရောက်ရှိနေတယ်လို့သိရပါတယ်။

နိုဝင်ဘာ၇ရက်ကစပြီးရွာတဲ့မိုးကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းတုံနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့မိုးမိတ်မြို့နယ်တွေမှာ ရပ်ကွက်အချို့ရေနစ်မြုပ်ပြီး တောင်မြေပြိုတဲ့နေရာတွေရှိသလို လမ်းတွေလည်းရေကျော်နေပါတယ်။

ရှမ်းပြည်နယ်အပြင် ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမှာလည်း မိုးရွာ နေတာကြောင့် မြို့နယ်အချို့ရေဘေးကြုံတွေ့နေပြီး သီးနှံစိုက်ခင်းအများအပြားပျက်စီးတယ်လို့ သတင်းရရှိပါတယ်။

ယခုရက်ပိုင်းမှာ မြန်မာနိုင်ငံဆီကိုအရှေ့ဘက်မှလာတဲ့ လေပွေလှိုင်းအရှိန် နဲ့ လေအေးတွေကြောင့်ရန်ကုန်တိုင်း၊စစ်ကိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း ၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာနေတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook