ယောနသံ
ကဗျာရေးနေရမယ့်ကောင်တွေက
စစ်တိုက်နေရတာဆိုတော့
စစ်တိုက်နေရတဲ့ကောင်တွေက

Public Service Announcement
ကဗျာရေးနေရတာပေါ့။
သွေးစွန်းနေတဲ့ ကလောင်တွေနဲ့
သွေးထွက်နေတဲ့ ကဗျာတွေကို
တိုက်ပွဲတွေကြားမှာ ရေးကြ။
မတရားမှုနဲ့ကြုံလာတိုင်း
ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။
အလိုနည်းသူကဗျာဆရာတို့ရဲ့
သွေးနဲ့ ဆေးတဲ့ကမ္ဘာ
ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။
(“The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ယောနသံ’ ရေးဖွဲ့တဲ့ “”သွေးစွန်းသော ကမ္ဘာ့ကဗျာနေ့ 2026″ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































