Connect with us

Hi, what are you looking for?

ကဗျာ

‘တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး’

မင်းလက်ဖဝါးမှာ

ပွင့်တဲ့ပန်းတွေ

ကိုယ်ယူလာတယ်။

The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ '​မျက်သွယ်'ရေးဖွဲ့တဲ့ "တခြားရပ်ရွာတစ်ခုမှာ ကျန်​နေခဲ့သူတစ်ဦး" ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️မျက်သွယ်

မင်းလက်ဖဝါးမှာ

ပွင့်တဲ့ပန်းတွေ

ကိုယ်ယူလာတယ်။

Public Service Announcement

Public Service Announcement

မင်းကျခဲ့တဲ့သွေးကြောင့်

လမ်းတလျှောက်

အပင်တွေ စိမ်းလန်းခဲ့ပေါ့။

အခုတော့ မင်းအနားရပါပြီ

မင်းမနားချင်သေးတာ ကိုယ်တို့သိပေမယ့်

မင်းနားလို့ရပြီ။

ကုန်းမြေရဲ့တဝက်ဟာ ပြိုကွဲနေတာဖြစ်ပြီး

ရေထုရဲ့ တဝက်ဟာ မျက်ရည်တွေချည်းပါ။

ကိုယ်တို့အသံတွေအခုတော့ ဆွံ့အနေပေါ့

ကိုယ်တို့ အနာဂတ်ကို ဘယ်သူတွေ

တည်ဆောက်ကြမှာလဲ

အခု ကိုယ်ရပ်နေတဲ့နေရာမှာ

မင်းရှိနေပြီး

ကိုယ်ထွက်ခွါသွားရင် မင်းက ကျန်နေခဲ့တော့မယ်

အချစ်ရေ

ပန်းတွေဟာ နီစွေးလို့

ကိုယ့်လက်ဖဝါးထဲ လှလိုက်တာ

မင်းရဲ့ ချစ်တတ်မှုအတွက် ကိုယ် ခွင့်လွှတ်ပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။

ကဗျာ

အိပ်ယာကျဥ်းကျဥ်းလေးကနေ အတွေးအကျယ်ကြီးကို ကိုယ်ဖြတ်ကူးနေမိတယ် မာရီနာ။ အိပ်ယာဆိုတာထက် အိပ်စရာနေရာပါ မြေကြီးနံ့နဲ့ယမ်းနံ့တွေ တခါတလေသွေးညှီနံ့တွေနဲ့ ဝေါဟာရ အရတော့အိပ်ယာပေါ့ ပျော်တာမပျော်တာအကြောင်းမပြချင်ဘူး မျက်လုံးခဏမှိတ်ထားဖို့နေရာဆိုရင် ပိုသင့်တော်ပါတယ် မာရီနာ ။