Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“သေ တူ ရှင် ဖက်”

◾အသက်

အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။

မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား မိဘများက ပံ့ပိုးကူညီနေသည်ကိုး။ မတတ်နိုင်… ငါတို့အလုပ်က လစာမရ၊ သူများလှူကမ်းတာစားပြီး ဘဝတခု၊ အသက်တခုနဲ့ ပြန်ဆပ်ထားသည်။

သူများလှူစာကမ်းစာတွေကို ဘယ်တော့မှမဖြုန်းတီး၊ ဖြုန်းတီးသော်ငြား တပ်စိပ်မှူးက ချလေသည်။ ထိုနေ့မှာ ဖင်က ခရမ်းပုတ်ရောင်နှင့် တမူထူးနေတတ်၏။လေပြင်းပြင်းတိုက်လာလို့ အရက်ဝိုင်းကိုသိမ်း၊ ကိုယ်စီအဆောင်သို့ပြေးဝင်၊ရီဝေဝေဖြင့်ယိုစိမ့်နေသောမေတ္တာမဟုတ်သောမိုးရေများကို စတီးပန်းကန်လုံးများဖြင့် လိုက်ခံသည်။ကော်ဖီပါကင်အခွံနဲ့ ဓနိကြားသို့ ထိုးသိပ်သူက သိပ်၊ တပ်စိပ်မှူးမသိအောင် အရက်ဘူးသိမ်းသူက သိမ်း။

Public Service Announcement

Public Service Announcement

ရုတ်တရက် တံခါးချပ်မရှိတဲ့ တံခါးပေါက်ကို လေကောရေကော ပြေးဝင်လာကြပါရော။ မုန်တိုင်းကမဝင်သေး ပုံမှန်မိုးရွာနှုန်းနဲ့ပင် ဒီလောက်လှန်ထွက်နေရင် သတင်းထဲက နှစ်လုံးပြူးမုန်တိုင်းသာဆို ဒီအဆောင်လေး အမိုးမလှန်ပါစေနဲ့ပင် ဆုတောင်းရတော့မည်။ မဟုတ်ပါက သူမ မချစ်သည့်အကြောင်းထက် ပိုဆိုးရော့မည်။

“ဒီည တန်းစီရှိဦးမှာလား”

ဤသည်က ၂၁နာရီမထိုးခင် မိုးရွာပြီဆို ကြားနေကျမေးခွန်း။ ကျန်းမာရေးကြောင့် မိုးရွာသည့်အချိန်များတွင် ၂၁နာရီတန်းစီကို ရပ်နား၏။ အဆောင်တွင်း၌ သတိစွဲလျက်သာ ‘သေတူရှင်ဖက်’ အား ဆိုကြသည်။

“သေ တူ ရှင် ဖက်”

“သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင် အခင်းကြီးငယ် ရှိကာဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။”

အဆောင်ထဲ၌ လူခြောက်ဦး အတူအိပ်၏။ လောလောလတ်လတ် အရက်သောက်ထားသည့်အတွက် ဝိုင်းမှစကားဆက်များက မပြတ်သေး။

“မင်းတို့ မနေ့က ရာဟု အိမ်ပြန်သွားတာသိကြပြီးပြီလား”

အမှောင်ထုထဲ ရီဝေဝေစိုက်ကြည့်ရင်း စဥ်းစားမိသည်။ ရဲဘော် ရာဟု အိမ်ပြန်သွားသည်။ သူနှင့်အတူ အခြားလူလေးဦးပါသွားသည်လည်း ကြားသည်။

“မနေ့ညက ရှေ့တန်းကကောင်တွေ ____စခန်းကိုကျားထိုးသေးတယ်တဲ့၊ အထိခိုက်တော့မကြားမိဘူး”

လက်ရှိ ဤလူခြောက်ဦးသည်လည်း ____စခန်းကိုသိမ်းရန် ကြိုးပမ်းရင်း ဒဏ်ရာရ၍ နောက်တန်းဌာနချုပ်တွင် ဆေးနားနေကြသူများဖြစ်သည်။ လက်နက်အစလေးများမှန်၍ မျက်နှာပျက်စီးနေသူတဦး၊ စနိုက်ပါထိ၍ လက်မောင်းရိုး ကြေမွသွားသူတဦး၊ မိုင်းထိ၍ ခြေတဖက်ပြတ်နေသူတဦး၊ ပေါင်တဖက်ထဲသို့ အစဝင်နေသူတဦး၊ မကြာသေးခင်ရက်ပိုင်းမှ ရောက်လာသော ခန္ဓာကိုယ်သို့ လက်နက်ကြီးအစပိုင်းလေးများမှန်၍ ရောက်လာသူ နှစ်ဦး။

လူတိုင်းက အချစ်နဲ့မကင်းသလို၊ လက်နက်စများကိုလည်း ရှောင်လွှဲလို့မရနိုင်ပေ။

“ငါလည်း ချစ်ပါတယ် အတုံလေးရဲ့။ စိတ်ချ နင့်ကိုပြန်မတွေ့ရသေးဘဲ ငါမသေဘူး။ နင်သာ ငါ့ကိုစောင့်နေ”

စနိုက်ပါထိ၍ လက်မောင်းရိုးကြေမွနေသူ ဖြစ်သည်။ လောလောဆယ်ကား ကျန်လက်တဖက်အကောင်းနှင့် အတုံံဟူသော မိန်းမပျိုလေးနှင့် ကျီဆယ်နေသည်။

ဖုန်းလိုင်းမရ၊ ကြယ်တာရာချိတ်ဆက်မှုဖြင့် ဆက်သွယ်နေရသည့်အတွက်လိုင်းမကောင်း၊ ထို့နှင့် ထိုကျူရှင်တက်နေသော အမျိုးသားကောင်းလေးခဗျာ အပြင်သို့ အသဲသန်ပြေး၊ ကြယ်တာရာမီနူးအပြားကြီးရှိရာသို့ ပြေးရ၏။

ကျန်သူများမှာ မိဘရှိသော တကောင်ကြွက်များ။ အချစ်နှင့်တော့ ကင်း၊ ဒုက္ခများကတော့ ဟင်း…။

ဒူးဆစ်အဆက်ပျောက်နေသောနေရာ​မှယား၍ လှမ်းကုပ်ရသေးသည်။ မိုးတွင်း၊ ယားနာဖြစ်လျှင် ဘဝသေတာထက်ဆိုးသည်။ ဆေးဆရာများက မကုပ်ဖို့မှာသည်။ သို့သော် ယားနာ၏ယားယံမှုကား သူမ၏မျက်ဝန်းဝိုင်းဝိုင်းလေးများလိုပင် မျက်ကွယ်ပြုလို့်မရနိုင်ပေ။

ထို့ကြောင့် ကုပ်သည်။

ထို့အ​တွက် ယားနာများ အနာဖြစ်လာသည်။

ထို့နောက် ပြည်များတည်လာသည်။နောက်ဆုံးတွင် ယား၍ ကုပ်ပြန်သည်။တဖက်ကုတင်တွင်လည်း ကုပ်သံများ ကြားသည်။

လိုက်ဖ်ဘွိုင်က 99.9% ဘတ်တီးရီးယားတွေကို ကာကွယ်ပေးသည်ပြော၏။ ကျန် 1% မှာ ငါဖြစ်နေတဲ့ယားနာ ဖြစ်ပုံံရ၏။

တပ်ထဲတွင် ငါးနီတူနှင့် ပဲက main dish ၊ အသီးရွက်များက စျေးကြီးသည့်အတွက် တလ နှစ်ခါစားရ၏။ အမဲသား၊ ဝက်သားများကို တလတခါ ပွဲတည်ရ၏။

ကြုံတုန်း၍ပြောပြရလျှင်တော့ ဆီသပ်ထားသည့်ထဲ ပြုတ်ထားသည့်ပဲထည့်၊ လုံး၊ ရေထည့်၊ ပွတ်ပွတ်ဆူလျှင် ရှောက်ရွက်အနည်းငယ်ညှပ်ထည့်ပါက ထူးကဲသောတုံယမ်းအရသားမျိုးရနိုင်သည်။ ဘာမှတော့မဆိုင်… စစ်မေတဦးက သူမကောင်လေးနှင့် ထိုအကြောင်းစကားနိုင်လုနေသည်ကိုကြား၍ ပြန်ပြောပြခြင်းဖြစ်သည်။

မကြာမှီ ကျူရှင်သွားတတ်သောအမျိုးသားကောင်းလေး ပြန်ရောက်လာ၏။ ထပ်၍မကြာမှီ မီးခြစ် ခြစ်သံနှင့်အတူ ဆေးလိပ်တလိပ် မီးညှိ၍ ကမ်းလာသည်။

နိဗ္ဗာန်ဘုံသို့မသွားဘဲ နိဗ္ဗာန်ရောက်သည်ဆိုတာ ဒါမျိုး။

ဒဏ်ရာရဆေးနားသည်လေ။ ဆေးလိပ်ကား အထူးကန့်သတ်ထားသော တားမြစ်ပစ္စည်း။

ကျွန်တော့်အချစ်က သူမအတွက်တားမြစ်စရာဖြစ်နေတာမျိုးပေါ့ဗျာ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’အသက်’ ရဲ့ “သေ တူ ရှင် ဖက်” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

ရသစာတမ်းငယ်

ကက်စပီယံ (၁) ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က “အဖေများနေ့” တဲ့။...

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။