Connect with us

Hi, what are you looking for?

ကဗျာ

‘နှင်းဝေတဲ့ကျောင်း’

နှင်းတွေဝေနေတဲ့ ကျောင်းလေးမှာ

လိပ်ပြာလေးလို ပျံဝဲ

သိက္ခာရှိစွာ ရှင်သန်ဆဲပါပဲအမေ

◼️ကိုငြိမ်းချမ်း(တံတားဦး)

တိုင်းပြည်က မှိုင်းရီနေတဲ့အချိန်

အရုဏ်ဦးမှာ ရောင်နီကိုခူးဖို့

ခေတ်အရွေ့မှာ

Public Service Announcement

Public Service Announcement

အသစ်တစ်ခု ရွှေ့ရင်း

အခုကျနော်

ကျောင်းဆရာလုပ်နေတယ်အမေ …

ဘယ်တုန်းကမှ စိတ်မကူးမိဖူးခဲ့တဲ့ဘဝမှာ

လက်တွေ့ကျကျ ဖြတ်သန်း

နွမ်းနေတဲ့ ပန်းလေးတွေလန်းဖို့အတွက်

လက်နက်အစား မြေဖြူကိုင်

နိုင်ရာဝန် ထမ်းရင်းပေါ့ …

တကယ်တော့

တောင်ပေါ်ကျောင်းဆရာဘဝဆိုတာ

သိပ်တော့ အထာမကျလှဘူးပေါ့အမေရယ်

ဟင်းနဲ့ဆန်ကောင်းမှ

ထမင်းစားဝင်တတ်တဲ့ကျနော်

မုန်ညင်းစောကို ဟင်းလျာလုပ်

တောင်ယာဆန်စီးညိုနဲ့ ဝမ်းစို

မြိန်ရှက်တတ်နေပုံများ …

မငြိမ်းချမ်းတဲ့ ခေတ်ကြီးထဲ

စိမ်းလန်းတဲ့ တောင်ပေါ်မြေတစ်နေရာက

တအာင်းရွာလေး တစ်ရွာမှာပေါ့

ရိုးသားစိတ်ရှိတဲ့ တိုင်းရင်းသားတွေရယ်

ကြိုးစားစိတ်ရှိတဲ့ ကလေးငယ်တွေရယ်ဟာ

အခုလက်ရှိ ကျနော့်ရဲ့ကမ္ဘာငယ်လေး …

နိုင်ငံရေးသတင်းတွေကို နားစွင့်

စစ်ရေးသတင်းတွေကို နားစွင့်

သေနတ်သံ ဗုံးသံတွေကို နားစွင့်

လေယာဉ်သံတွေကို နားစွင့်

ပန်းလေးတွေ ပွင့်ခွင့်မရမှာစိုးစိတ်နဲ့

အိပ်မက်ထဲမှာတောင် ရွံ့ထိတ်မနေအားခဲ့ပါဘူးအမေရယ် …

အမြဲလိုလို

နှင်းတွေ ရစ်သိုင်း

မြူတွေဆိုင်းနေတတ်တဲ့

တောင်ကုန်းမို့မို့လေးပေါ်က

တော်လှန်ကျောင်းလေးဟာ

ကျနော့်အတွက်

လျော်ကန်အသင့်မြတ်ဆုံး ခိုနားရာ

ပန်းကလေးများ ယိမ်းနွဲ့

လှုပ်ခတ်နေတဲ့ ဆည်းလည်းလေးတွေနဲ့

သာယာလို့ …

ခုဆို

ချစ်ခြင်းအထွေထွေနဲ့

တော်လှန်ကျောင်းမှာ ပန်းတွေဝေနေပြီ အမေ

နှင်းတွေလည်း ဝေလို့ပေါ့

အိမ်ပြန်မရောက်နိုင်ခဲ့တဲ့ သားတစ်ယောက်

အမှန်တရားရဲ့ အမိုးအရိပ်အောက်မှာ

ကလေးလေးတွေရဲ့ အနာဂတ်မပျောက်ဖို့

ကွက်လပ်လေးတွေ ဖြည့်ပြီးရင်း ဖြည့်ရင်း

နှလုံးသားကို အရင်းတည်

ကြိုးတွေ အထပ်ထပ်ချည်နှောင်ရင်းလေ …

အမေမရှိတော့တဲ့ အိမ်လေးရဲ့အဝေး

နွေးထွေးသော ရင်ခွင်အရပ်ဆီမှာ

စစ်ကျွန်ပညာရေးကို ရိုက်ချိုး

ပန်းလေးတွေ ပျိုးရင်းပေါ့ …

ပန်းဝတ်မှုံ ထုံကူးရင်း

အလှဆုံးဖူးပွင့်နေတဲ့ ပန်းခင်းကြီးကြား

နှင်းတွေဝေနေတဲ့ ကျောင်းလေးမှာ

လိပ်ပြာလေးလို ပျံဝဲ

သိက္ခာရှိစွာ ရှင်သန်ဆဲပါပဲအမေ … ။ ။

၇၊ စက်တင်ဘာ၊ ၂၀၂၄

((The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘​​​​ကိုငြိမ်းချမ်း( တံတားဦး) ‘ရေးဖွဲ့တဲ့ “နှင်း​ဝေတဲ့​​ကျောင်း” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

Facebook