-လွိုင်ကော်တက္ကသိုလ်အနီးပေါက်ကွဲမှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေ
ကယား(ကရင်နီ)ပြည်နယ် ဘောလခဲနှင့် ဖရူဆိုမြို့နယ်ရှိ နေရာ ၃နေရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က သတင်းထုတ်ပြန်သည်။
ယနေ့( အောက်တိုဘာ၂၁ရက်) မွန်းလွဲ ၂နာရီခွဲခန့်တွင် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ ရဲစခန်းဟောင်းအနီးနှင့် ကျို့ပင်ကုန်းရွာအပြင်တွင် တိုက်ပွဲတကြိမ်စီဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဖရူဆို မြို့နယ်၊ ထားလဲကျေးရွာအနီးတွင်လည်း တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ရာ ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထား သည်။
ထိုတိုက်ပွဲ သုံးကြိမ်စလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင် ဖော်ပြသည်။

Public Service Announcement
ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ စစ်ကားအချို့ပျက်စီးခဲ့ပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရှိမှုများရှိခဲ့သည်ဟု KNDFက ဆိုသည်။ထို့အပြင် ကရင်နီ ပူးပေါင်းတပ်ဘက်မှ ထိခိုက်မှုမရှိဟုလည်း ဖော်ပြထားသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ညနေပိုင်းအထိ ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။
ယနေ့ မွန်းလွဲ ၃နာရီခန့်ကလည်း လွိုင်ကော်တက္ကသိုလ် အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ဟု ထုတ်ပြန်သည်။
ည ၆နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ သည် ဒီးမော့ဆိုမြို့နယ် ရဲစခန်းမှအနီးအနားရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု KNDFက ဆိုသည်။
ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ သည် ကရင်နီလူမျိုးများနေထိုင်ရာ ကယားပြည်နယ်ရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင်လည်း တိုက်ပွဲများဖြစ်ခဲ့သည်။


















































