Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ လုံးခင်းရဲစခန်းမှ ရဲ ၆ဦးကို KIA၊PDF ဖမ်းဆီး

ဖားကန့်မြို့ လုံးခင်းရဲစခန်းမှ ရဲ ၆ ဦးကိုလက်နက်ခဲယမ်းအချို့နှင့်အတူ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFက ဖမ်းဆီးလိုက်သည်။

မိထက်/People’s Spring

ဖားကန့်မြို့ လုံးခင်းရဲစခန်းမှ ရဲ ၆ ဦးကိုလက်နက်ခဲယမ်းအချို့နှင့်အတူ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFက ဖမ်းဆီးလိုက်သည်။

လုံးခင်းရဲစခန်းမှ နယ်ထိန်း သူရမိုးအပါအဝင် ရဲ ၆ဦးကို ယနေ့ (စက်တင်ဘာ၂၇ရက်) နံနက်ပိုင်းက လုံးခင်းရွာအတွင်း အရပ်ဝတ်ဖြင့် ဆိုင်ကယ် စီး၍သွားလာနေစဉ် KIAနှင့် PDFက ဖမ်းဆီးလိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“သတင်းတွေမှာက ၄ဦးလို့ ပြောနေတာ။ ၄ဦးမကဘူး။ စုစုပေါင်း ၆ယောက် အဖမ်းခံရတာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါရဲ ၆ဦးထံမှ သေနတ်နှစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံးလည်း KIAနှင့် PDFက သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုဖြစ်စဉ်ကြောင့် ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးစစ်ဆေးခံနေရကြောင်း သတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

KIA၊PDFသည် ယခင်ကလည်း ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီလည်းအောက်ခံရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိခဲ့သည်။

လက်ရှိတွင် ဖားကန့်မြို့နယ်ဆိုင်းတောင်ရွာ၌ KIA၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေသည်။ ဆိုင်းတောင်တွင် စက်တင်ဘာ ၇ရက်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီးဆိုင်းတောင် ရဲစခန်းကို စက်တင်ဘာ ၁၂ရက်တွင်KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီက ဒေသခံများ၏နေအိမ်များ မီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ဖားကန့်မြို့ခံ အများစုမှာ စစ်ဘေးရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။