Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့နယ် (၇)မိုင်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် (၇)မိုင်ကျေးရွာအနီးတွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် (၇)မိုင်ကျေးရွာအနီးတွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၂ရက်)တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ (၇)မိုင်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” မီးရှို့တာဟုတ်တယ်။ မင်းအောင်လှိုင်သားတွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)က ဗန်းမော်ဘက်က ၇မိုင်နားထဲက အိမ်တွေကို။ဒီနေ့တော့ ၇မိုင်နဲ့ ၆မိုင်ကြားထဲကို လုံး၀ကို အသည်းအသန် (တိုက်ပွဲ)အကြီးအကျယ်ဖြစ်နေတာ။ အဲဒါ သူတို့ နည်းနည်း နစ်နာလို့လား မသိဘူး။ ရွာတွေကို ပြန်မီးရှို့တာ မင်းအောင်လှိုင် အဖွဲ့တွေက”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့၍ နေအိမ်များ မီးလောင်နေမှုကို KIA တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ရိုက်ကူးထားသည့် ရုပ်သံလည်း လူမှုကွန်ရက်၌ ထွက်ပေါ်လာသည်။

KIAသည် ဗန်းမော်မြို့နယ် လုံခြုံရေးအတွက် အရေးပါသည့် မိုးမောက်မြို့နယ် ခမရ(၄၃၇) တပ်ရင်းကို ဩဂုတ် ၁၉ရက်က အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေ၍ ဗန်းမော်-မိုးမောက်ကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီအနေဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် ခြေလျင်နှင့်တင့် ပူးတွဲ စစ်ဆင်သည့် ထိုးစစ်ပြုလုပ်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် မကြာခဏ အထိနာလျက်ရှိပြီး ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။