Connect with us

Hi, what are you looking for?

သတင်း

နယ်ခြား​စောင့်တပ် ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်ပြီး​ကြောင်းKIA အတည်ပြု

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့လုံခြုံရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို ယနေ့ အောက်တိုဘာ ၁၅ရက် နေ့လည်ပိုင်းတွင် အပြီးသတ် သိမ်းရှင်းလင်း လိုက်ပြီဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA သိမ်းပိုက်လိုက်​​သောအမှတ် ၁၀၀၂ နယ်ခြား​​စောင့်တပ်(BGF)တပ်ရင်းအလံတိုင်။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့လုံခြုံရေးအတွက် အရေးကြီးသည့် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို ယနေ့ အောက်တိုဘာ ၁၅ရက် နေ့လည်ပိုင်းတွင် အပြီးသတ် သိမ်းရှင်းလင်း လိုက်ပြီဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အခုတော့အဲဒီဘက်မှာ နေရာယူပြီးတော့လုံခြုံရေးပြန်ချနေပါတယ်။ နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်။ လုပီစခန်းကတော့ ပန်ဝါမြို့နဲ့ ၁၀ မိုင်လောက် ဝေးတယ်လို့ ပြောပါတယ်။ဗျူဟာကနေ ပြန်ပြောမယ်ဆိုရင် ပန်ဝါရဲ့ လုံခြုံရေး ယူထားတဲ့ အဓိက စခန်းကြီးတစ်ခု ဖြစ်တယ်လို့ ကြားပါတယ်။ နောက် ကျနော်တို့တပ်မဟာ(၇)ဘက်ကို သွားတဲ့လမ်းမှာ တည်ရှိထားတယ်ဆိုတော့ သွားရေးလာရေးကိုလည်း စစ်ဆေးပြီးမှ အနှောက်အယှက်ပေးတဲ့ စစ်တပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အင်မတန်မှ အရေးကြီးတဲ့ တပ်ရင်းဌာနချုပ်တစ်ခုကိုတော့ ဒီနေ့ ၁၂နာရီ မိနစ် ၄၀ လောက်မှာ အကုန်လုံးရှင်းပစ်လိုက်တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လုပီဒေသ အခြေစိုက် ၁၀၀၂ တပ်ရင်းဌာနချုပ် ပင်မစခန်းနှင့် ကာကင်းစခန်း ၃ခုကို KIAက သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ချီဖွေနှင့် ဆော့လော်မြို့များကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထို့နောက် အောက်တိုဘာ လလယ်ပိုင်းတွင် နယ်ခြားစောင့်တပ်စခန်း (၁၀၀၂)ကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ BGF (၁၀၀၂)တပ်ဌာနချုပ် ကျပြီဖြစ်၍ ပန်ဝါအခြေစိုက် စစ်ကောင်စီ ဗျူဟာ၊ ခလရ(၂၉)၊ BGF (၁၀၀၁) ၊ BGF (၁၀၀၃)နှင့် ပြည်သူ့စစ်အင်အားများသာ ကျန်တော့သည်ဟု သိရသည်။

ထိုအပြင်လုပီတိုက်ပွဲအတွင်း ကချင်အထူးဒေသ(၁) ပြည်သူ့စစ်ညွှန်ကြားရေးမှူး ဒဏ်ရာပြင်းထန်စွာ ရရှိပြီး တရုတ်နိုင်ငံဘက် ထွက်ပြေးသွားကာ (၁၀၀၂) တပ်မှူးလည်း တရုတ်နိုင်ငံဘက်ပြေးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကအသိပေးသည်။

ဆဒုံး ၊ချီဖွေ၊ ဆော့လော်၊ ပန်ဝါ စသည့် ဒေသသည် စစ်တပ်လက်​အောက်ခံ ဦးစခုန်တိန့်ယိမ်း၏ ကချင်အထူးဒေသ(၁) -NDAK တွင်ပါဝင်သည်။ထို​ဒေသတွင် ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ်(BGF) တပ်စခန်းအများစုရှိသည်။ KIA က ဆဒုံး ၊ ချီ​ဖွေ ၊ ​​ဆော့​လော် မြို့တို့ကို သိမ်းပိုက်ပြီး ပန်ဝါကိုဆက်လက်သိမ်းပိုက်ရန် စစ်တပ်စခန်းများနှင့် နယ်ခြား​စောင့်တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။