Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်အတွင်းမှာ စစ်ကောင်စီကို စွန့်ခွာလိုသူတွေများပြားနေတယ်လို့ People’s Soldier အဖွဲ့ ထုတ်ပြန်

နိုင်ငံတော်အနာဂတ်၊ တပ်မတော်အနာဂတ်အတွက် ရဲရင့်ကြဖို့လည်း ပြည်သူ့စစ်သားအဖွဲ့က နှိုးဆော်ထားပါတယ်။

စစ်တပ်အတွင်းမှာ စစ်ကောင်စီကို စွန့်ခွာလိုသူတွေများပြားနေပြီး စွန့်ခွာဖို့ အခက်အခဲရှိနေရင် ပြည်သူ့စစ်သားအဖွဲ့ကို ဆက်သွယ်ဖို့ People’s Soldier က ထုတ်ပြန်ပါတယ်။

စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၂) မှ ဗိုလ်ကြီး အောင်မျိုးထက်ဟာ စစ်ကာင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့တာကို ထုတ်ပြန်ရာမှာ တန်ဖိုးမရှိတော့တဲ့ စစ်ကောင်စီစစ်သားလုပ်မလား ၊ တန်ဖိုးရှိရှိ ပြည်သူ့တပ်မတော်သားလုပ်မလားဆိုတာကို ရဲရဲရွေးချယ်ကြဖို့ People’s Soldier က တိုက်တွန်းထားပါတယ်။

နိုင်ငံတော်အနာဂတ်၊ တပ်မတော်အနာဂတ်အတွက် ရဲရင့်ကြဖို့လည်း ပြည်သူ့စစ်သားအဖွဲ့က နှိုးဆော်ထားပါတယ်။

မင်းအောင်လှိုင်ဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘဲ ရာဇဝတ်ကောင်တစ်ဦးရဲ့လက်အောက်မှာ အမှုထမ်းမယ့်အစား ပြည်သူ့ရင်ခွင်ကိုခိုလှုံဖို့လည်း တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်သားအဖွဲ့ဟာ ပြည်သူ့ဘက်ရပ်တည်တဲ့ ပြည်သူ့စစ်သားကောင်းတွေနဲ့ ဖွဲ့စည်းထား တဲ့ အဖွဲ့ဖြစ်ပြီး ပြည်သူ့စစ်သားအဖွဲ့ကို https://www.peoplesoldiers.org ကတဆင့် ကူညီနိုင် တယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။