Connect with us

Hi, what are you looking for?

News

စစ်တပ်အတွင်းမှာ စစ်ကောင်စီကို စွန့်ခွာလိုသူတွေများပြားနေတယ်လို့ People’s Soldier အဖွဲ့ ထုတ်ပြန်

နိုင်ငံတော်အနာဂတ်၊ တပ်မတော်အနာဂတ်အတွက် ရဲရင့်ကြဖို့လည်း ပြည်သူ့စစ်သားအဖွဲ့က နှိုးဆော်ထားပါတယ်။

စစ်တပ်အတွင်းမှာ စစ်ကောင်စီကို စွန့်ခွာလိုသူတွေများပြားနေပြီး စွန့်ခွာဖို့ အခက်အခဲရှိနေရင် ပြည်သူ့စစ်သားအဖွဲ့ကို ဆက်သွယ်ဖို့ People’s Soldier က ထုတ်ပြန်ပါတယ်။

စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၂) မှ ဗိုလ်ကြီး အောင်မျိုးထက်ဟာ စစ်ကာင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့တာကို ထုတ်ပြန်ရာမှာ တန်ဖိုးမရှိတော့တဲ့ စစ်ကောင်စီစစ်သားလုပ်မလား ၊ တန်ဖိုးရှိရှိ ပြည်သူ့တပ်မတော်သားလုပ်မလားဆိုတာကို ရဲရဲရွေးချယ်ကြဖို့ People’s Soldier က တိုက်တွန်းထားပါတယ်။

နိုင်ငံတော်အနာဂတ်၊ တပ်မတော်အနာဂတ်အတွက် ရဲရင့်ကြဖို့လည်း ပြည်သူ့စစ်သားအဖွဲ့က နှိုးဆော်ထားပါတယ်။

မင်းအောင်လှိုင်ဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘဲ ရာဇဝတ်ကောင်တစ်ဦးရဲ့လက်အောက်မှာ အမှုထမ်းမယ့်အစား ပြည်သူ့ရင်ခွင်ကိုခိုလှုံဖို့လည်း တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်သားအဖွဲ့ဟာ ပြည်သူ့ဘက်ရပ်တည်တဲ့ ပြည်သူ့စစ်သားကောင်းတွေနဲ့ ဖွဲ့စည်းထား တဲ့ အဖွဲ့ဖြစ်ပြီး ပြည်သူ့စစ်သားအဖွဲ့ကို https://www.peoplesoldiers.org ကတဆင့် ကူညီနိုင် တယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook