Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်

ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

လောက်ကိုင်မြို့ကို ၂၀၂၄ ဇူလိုင်၁၄ ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ည ၁နာရီကျော်တွင် လိုင်ဇာအနီးလမိုင်ယာန်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့ပြီးနောက် ၁နာရီ ၅၅မိနစ်ဝန်းကျင်တွင် လောက်ကိုင်မြို့ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့မနက် ၁နာရီ ကျော်ဝန်းကျင်မှာထူးခြားချက်က လောက်ကိုင်မြို့နဲ့ လိုင်ဇာအနီး တဝိုက်မှာ တချိန်တည်းမှာပဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်။ လိုင်ဇာဒေသအနီးက လမိုင်ယာန်ကျေးရွာမှာ ထိခိုက်သေဆုံးမှုရှိတယ်လို့ပြောတယ်။ လောက်ကိုင်မှာကျတဲ့ ဗုံးကျတော့မကွဲဘဲ ကျန်နေသေးတယ်လို့ ပြောတယ်” ဟု စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်ကပြောသည်။

အဆိုပါအခြေအနေသည် စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုရန် တရုတ်က ဖိအားပေးနေသည့် KIAနှင့် MNDAAကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တပြိုင်တည်း ပြုလုပ်လာသည့် ထူးခြားချက်ဟု၎င်းက ဆိုသည်။

“ဒီနေ့မနက် လိုင်ဇာဒေသအနီးမှာ စစ်ကောင်စီ လေယာဉ်ပျံဝဲလာတဲ့အချိန် တရုတ်ဘက်က အချက်ပြမီး ပြန်ပြီးပစ်ခတ်တယ်။

အဓိကတော့ တရုတ်က ဒီဘက်မှာ တရုတ်အခြမ်းဆိုတဲ့ အချက်ပြတာပေါ့။ တရုတ်ကတော့ ဒီအချက်မီးပစ်ပြီးတဲ့နောက်ပိုင်းမှာ လေယာဉ်က ပြန်လှည့်သွားပြီးတော့ လိုင်ဇာဒေသအနီးက လမိုင်ယန်ကျေးရွာမှာ ဗုံးကြဲချခဲ့တယ်။ အဲဒီနေရာက စစ်ဘက်နဲ့မဆိုင်ဘူး။အရပ်သား ပြည်သူလူထုတွေရှိတဲ့ လမိုင်ယန်ကျေးရွာဖြစ်တယ်။ အဲဒီမှာ နေအိမ်တစ်လုံးနားမှာ ဗုံးကျရောက်ပေါက်ကွဲတော့ နေအိမ်တွေလုံး၀ပျက်စီးသွားတယ်။ ပြီးတော့ အိမ်ရှင်လင်မယားနှစ်ယောက် အသက် ဆုံးရှုံးသွားတယ်လို့ သိရှိရတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

လောက်ကိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးပေ။

ထို့အပြင် ယနေ့နံနက် ၅နာရီခွဲတွင် တအာင်းတပ်မတော်(TNLA) တိုက်ခိုက်သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည်။

တရုတ်အစိုးရအနေဖြင့် လားရှိုးမြို့ကို MNDAAက စွန့်လွှတ်ရန်၊ မြစ်ကြီးနား၊ ဗန်းမော်ကို KIAက တိုက်ခိုက်ခြင်းမပြုရန်ဖိအားပေးနေသည်ဟု နားလည်ကြောင်း ဦးဇော်ဆန်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂ရက်ကလည်း လောက်ကိုင်မြို့ တုံချိန်နှင့် ကျင်မောက်ဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။လားရှိုးမြို့အရှေ့မြောက်တိုင်း စစ်ဌာချုပ် စစ်တိုင်းရုံးကို ကိုးကန့်တပ် (MNDAA)က ထိုးစစ်ဆင်နေချိန်တွင် စစ်ကောင်စီက လောက်ကိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဇူလိုင် ၁၄ ရက်ကလည်း တုံချိန်ဒေသကို လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်။

တရုတ်အစိုးရသည် MNDAA သိမ်းပိုက်ထားသည့် ဒေသများရှိနယ်စပ်ဂိတ်များကို ပိတ်ပြီး ဖြတ်တောက်ပိတ်ဆို့မှု ပြုလုပ်ထားသလို KIA ဌာနချုပ် လိုင်ဇာအပါအဝင် နယ်စပ်ဂိတ်သုံးခုထက်မနည်းကိုလည်း အောက်တိုဘာ ၁၈ရက်ညပိုင်းကစတင်ပိတ်လိုက်ကြောင်း ကြေညာထားသည်။

KIAက တရုတ် – မြန်မာနယ်စပ်မြို့ ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့် အခြေအနေတွင် တရုတ်ဘက်ကလည်း နယ်စပ်ဂိတ်များပိတ်လိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook