Connect with us

Hi, what are you looking for?

သတင်း

လုံခြုံရေးတိုးမြှင့်ထားသည့် မန္တလေးမြို့တွင် ကိုတေဇာစန်းဆန္ဒပြ

လုံခြုံရေးတိုးမြှင့်ထားသည့် မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့ကြောင်း သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ပြောသည်။

မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ ဆန္ဒပြနေသော လူထု သပိတ်ခေါင်းဆောင် ကိုတေဇာစန်းအား တွေ့ရစဥ်။ဓာတ်ပုံ-Tayza San

အင်ကြင်း/People’s Spring

လုံခြုံရေးတိုးမြှင့်ထားသည့် မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့ကြောင်း သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်မှု သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတေဇာစန်းသည် ယနေ့(အောက်တိုဘာ ၂၆ရက်)တွင် “ဂန္ထဝင်မြို့ကြီးက တော်လှန်တိုက်ပွဲများ”ခေါင်းစဥ်ဖြင့် မန္တလေးမြို့လယ်တနေရာ၌ ရဲဘော်ရဲဘက်များ၊ ပြည်သူများနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ဓာတ်ပုံများအား ၎င်း၏ Facebook စာမျက်နှာ၌ ဝေမျှခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး။”ဟု ကိုတေဇာစန်းက ရေးသားသည်။

မန္တလေးမြို့သည် နွေဦးတော်လှန်ရေး ခရီးကြမ်း၌ မြို့သူ၊မြို့သားများ၏ စုစည်းညီညွတ်အားနှင့်အတူ မယိုင်မလဲဘဲ ခိုင်မြဲစွာ ချီတက်နေကြောင်း ကိုတေဇာစန်းက ဆိုသည်။

“ကျနော်လည်း “အရေးတော်ပုံ တပ်သား” တဦးအနေနဲ့ မြို့လူထုနဲ့အတူ လူထုတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။”ဟု ရေးသားသည်။

တော်လှန်​ရေးကြီး အမြန်ဆုံးအောင်ပွဲဆင်နိုင်ရန်အတွက် စစ်ရေးတိုက်ပွဲများနှင့်အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ကြောင်း ကိုတေဇာစန်းက အကြံပြုသည်။

“ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။”ဟု ကိုတေဇာစန်းက ၎င်း၏အမြင်ကို ဝေမျှသည်။

“ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။”ဟု ကိုတေဇာစန်းက ထပ်မံအသိပေးသည်။

အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သည့် လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အစွမ်းကုန် အရှိန်တင်ကြရန် လိုအပ်နေကြောင်း၊ အရှိန်မြှင့်လာသည့် စစ်ရေးတိုက်ပွဲနှင့် ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြရန် ကိုတေဇာစန်းက တိုက်တွန်းထားသည်။

မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီသည် နေ့စဥ် ၁၀ ဖွဲ့ထက်မနည်းဖြင့် လှည့်လည် စစ်ဆေးတင်းကြပ်နေပြီး ဧည့်စာရင်းများလည်း ပိုမိုစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

ကိုဝေဇာစန်းသည် ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း မန္တလေးမြို့၌ လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။