Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နှင့် တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို) မြို့နယ်တွင် စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်ခံကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၆ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သောင်ပု(ကတို)တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့်ပင် တောကြောင်ပေါက်ကျေးရွာနေ အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၅ရက်တွင် ဒူးပလာခရိုင် ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်)ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါဗုံးသည် ဝင်းရေးမြို့နယ်၊ ပနောကျဲခီး ကျေးရွာသို့ ကျရောက်ပေါက်ကွဲရာ (၃၀)ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNUက အသိပေးသည်။

ထို့ပြင် ပြည်သူလူထုနေအိမ်နှင့် ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ဒေသခံ ပြည်သူလူထု ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။