Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့တွင် အောက်တိုဘာ ၂၇ရက် ညကဖြစ်ပွားသော ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၂၂ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ထီးလင်းမြို့နယ် အိုင်းမရွာမြင်ကွင်း။ဓာတ်ပုံ - CJ

ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့တွင် အောက်တိုဘာ ၂၇ရက် ညကဖြစ်ပွားသော ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထီးလင်းမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” မြို့ပေါ်မှာ အပြန်အလှန်ချတယ်။ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးက အမှတ်(၁) ရပ်ကွက်ထဲကျပြီး အမျိုးသမီးတစ်ဦး သေဆုံးတာပါ”ဟု မြို့ခံတစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ​၏ ပစ်မှတ်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုမသိရသေးကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထီးလင်းမြို့ပေါ်တွင် ရွှေထီးခန်းမ၊ တရားရုံးနှင့် မြို့နယ်ထွေအုပ်ရုံးတို့တွင် စစ်ကောင်စီကတပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေသည်။

အောက်တိုဘာ ၂၆ရက် နံနက်အစောပိုင်းက ကျားခဲကျေးရွာကို စစ်ကောင်စီက စီးနင်းဝင်ရောက်ပြီး အမျိုးသားလေးဦးကို မီးရှို့သတ်ဖြတ်သွားခဲ့သည်။

စစ်ကြောင်းရန်ကြောင့် ထွက်ပြေးသည့်ဒေသခံသုံးဦးသည် ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

ဒေသခံများကို မီးရှို့သတ်ဖြတ်သွားသည့်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်အရာရှိတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့သည်ဟု ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

မကွေးတိုင်း၊ ယောဒေသမှ ထီးလင်းမြို့အပါအဝင် ဂန့်‌ ဂေါခရိုင်အတွင်းမြို့နယ်များကို စစ်ကောင်စီက အောက်တိုဘာလဆန်းမှစ၍ စစ်ကြောင်းထိုးနေပြီး လေကြောင်းမှလည်းတိုက်ခိုက်နေသည်။

အောက်တိုဘာ ၂၂ရက်က ထီးလင်းမြို့နယ်၊အိုင်းမကျေးရွာနှင့် ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာဒေသခံတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ဒေသတွင်း၌စစ်ရေးတင်းမာနေစဉ် ထီးလင်းမြို့ ရွှေထီးခန်းမတပ်စွဲထားသည့်စစ်ကောင်စီစစ်ကြောင်းမှ ပျူ‌‌စောထီးတစ်ဦးသည် သေနတ် သုံးလက်နှင့် စစ်သုံးပစ္စည်းများယူ ထွက်‌ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook