Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာ

ကော့ကရိတ်မြို့ တဝိုက်မှာ တိုက်ပွဲတွေ က နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့အဖွဲ့ဝင် နဂါးဖြူတပ်ခွဲ – ၂ ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာ
ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ပူးပေါင်းတပ် ထံကသိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်က မြဝတီ – ကော့ကရိတ်ဒေါနတောင်ပေါ် လမ်းဟောင်း ရန်ကုတ် ကျေးရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်ကြား တစ်နေကုန်နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

“ရန်ကုတ် မိကျောင်းအင်းတစ်ဝိုက်ပေါ့၊ လမ်းဟောင်းဘက်ခြမ်းပေါ့ “လို့ တိုက်ပွဲ ဖြစ်ရာနေရာကို ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလ ၂၆ ရက်ကလည်း မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းတစ်နေရာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိတယ်လို့ PDF ၊တောင်ပိုင်း စစ်ဒေသ ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့ တဝိုက်မှာ တိုက်ပွဲတွေ က နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့အဖွဲ့ဝင် နဂါးဖြူတပ်ခွဲ – ၂ ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မနေ့ အောက်တိုဘာလ ၂၈ ရက်ကလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့အနီးနဲ့ အာရှလမ်းမကြီးမှာရောက်ရှိနေတဲ့ အောင်ဇေယျ စစ်ကြောင်းမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ ပါဝင်ပြီး ဘားအံ၊ နဘူး၊ ကျုံဒိုးမြို့မှတဆင့် အင်အားဖြည့်တင်း ပို့နေတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့အနီး ဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် မြို့ထဲကို လက်နက်ကြီး ကျည်ကျပြီး ဒေသခံ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။