Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မှာ လျှပ်စစ်ကြိုးခိုးယူရောင်းစားနေတဲ့ ရဲကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ လျှပ်စစ်ကေဘယ်လ်ကြိုးတွေ ခိုးယူရောင်းစားနေတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးကို မြို့ပေါ်မှာ ဖမ်းဆီးခဲ့ကြောင်း Budalin Mobile Team(BMT)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

(ဖမ်းဆီးရမိထားသော ရဲတပ်ဖွဲ့ဝင်အား တွေ့ရစဥ်။ ဓါတ်ပုံံ-ရွာဇော်ကြီး)

နိုဝင်ဘာ ၁၃၊၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ လျှပ်စစ်ကေဘယ်လ်ကြိုးတွေ ခိုးယူရောင်းစားနေတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးကို မြို့ပေါ်မှာ ဖမ်းဆီးခဲ့ကြောင်း Budalin Mobile Team(BMT)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဘုတလင်မြို့တွင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းရှိ စစ်အုပ်စုဝင်တွေဟာ ဘုတလင်မြို့ကနေ ကျေးရွာအသီးသီး သွယ်တန်းထားတဲ့ လျှပ်စစ်ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်သယ်ဆောင်ပြီး ခိုးဝှက်ရောင်းချတာတွေ ပြုလုပ်နေကြောင်း Budalin Mobile Team(BMT)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဖြစ်ရပ်ကို အရေးယူဖို့ နိုဝင်ဘာ ၆ ရက်က ဒေသခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အရပ်သားအသွင်နဲ့ ဘုတလင်မြို့အနီး ၊ ဗန္ဓုလတိုးချဲ့ကွက်သစ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ဝင်ရောက် ဖမ်းဆီးချိန် လျှပ်စစ်ကေဘယ်လ်ကြိုး ဖြတ်တောက်ခိုးယူနေတဲ့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦး ရှိခဲ့ရာ ၁ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၁ဦးကို လိုက်လံဖမ်းဆီးစဉ် ပြည်သူတစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ် လိုက်ပါပြီး လွတ်မြောက်သွားကြောင်း သိရပါတယ်။

“ဖမ်းဆီးထားတဲ့ ရဲတပ်သားက လျှပ်စစ်ဝါယာကြိုးတွေခိုးတဲ့အထဲ ပါပါတယ်”လို့ Budalin Mobile Team(BMT)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကနဦး စစ်ဆေးချက်အရ လက်ရဖမ်းဆီးမိထားသူမှာ ဘုတလင်မြို့အခြေစိုက်စစ်တပ်စခန်းမှ ရဲတပ်ဖွဲ့ဝင် ၊ ရဲတပ်သား ဖြိုးမင်း‌ဇော် ဆိုသူဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူမှာ ရဲတပ်သား သီဟ ဆိုသူဖြစ်ကြောင်းသိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ရဲတပ်ဖွဲ့ဝင်ကို စစ်သုံ့ပန်းဥပဒေနဲ့ ထိန်းသိမ်းထားကြောင်း၊ အဆိုပါ ရဲတပ်ဖွဲ့ဝင်တွေဟာ ဘုတလင်မြို့တွင်းရှိ စစ်ကောင်စီစခန်းမှ နှစ်ပွင့်ဗိုလ် ဗိုလ်စော ဆိုသူရဲ့ ကွပ်ကဲမှုအောက်က တပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း သိရပါတယ်။

ယခု ဖမ်းဆီးမှုကို PDRF အဖွဲ့နဲ့ ကျောင်းသားလက်ရုံးတပ်တော် ( SAF ) ၊ ရွာဇော်ကြီးတော်လှန်အသံ ၊ Budalin Mobile Team၊ဘုတလင်မြို့နယ်တိုက်နယ်(၂)ပကဖ နှင့် ရွှေတြိဂံမဟာမိတ်တပ်ရင်း တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်သားတွေ၊ ရဲတွေဟာ လုံလောက်တဲ့ ပံ့ပိုးမှုတွေမရလို့ အချို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်တာတွေလည်း ရှိနေပြီး မနေ့က နိုဝင်ဘာ ၁၂ ရက်ကလည်း ခင်ဦးမြို့ပေါ်ဆေးရုံက တပ်ကြပ်တစ်ဦး လက်နက်နဲ့ ပကဖထံ အလင်းဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook