Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်တပ် ညအချိန် ဗုံးကြဲ၊ ပြည်သူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ဦးသေဆုံးကာ ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

(ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Ĥkl Mindat)

နိုဝင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ဦးသေဆုံးကာ ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

နိုဝင်ဘာ ၁၂ရက် ည ၁၁နာရီ လောက်ကစပြီး မင်းတပ်မြို့နယ် တိုက်နယ် (၁၂)အတွင်း ကျေးရွာတစ်ရွာနဲ့ မင်းတပ်-မတူပီ လမ်းတနေရာကို တိုက်လေယာဉ် ၂စီးနဲ့ ဗုံး ၈လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ်နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ဦးနဲ့ ကလေးငယ် ၂ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ စာသင်ကျောင်း နဲ့ ပြည်သူလူထုနေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေဖော်ပြအသိပေးပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့နယ်က အရပ်သား ပြည်သူနေထိုင်ရာနေရာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာ ၁၃ရက်မနက်ပိုင်းကလည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့နယ်တနေရာကိုလည်း ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်နဲ့ ရမ်းသမ်း ပစ်ခတ်သွားကြောင်းလည်း ဒေသခံက အသိပေးပါတယ်။

စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေ ပြန်ထိန်းချုပ်နိုင်ဖို့ မြေပြင်ထိုးစစ်ဆင်နေရာ လေကြောင်း ပစ်ကူပေးတာ၊ အရပ်သား ပြည်သူနေထိုင်ရာတွေကို အကြောင်းမဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ