နိုဝင်ဘာ – ၁၃ ၊၂၀၂၆
ရန်ကုန်မြို့ ၊မင်္ဂလာတောင်ညွန့်မြို့နယ်ကတိုက်ခန်းမှာမနေ့ (နိုဝင်ဘာ ၁၂ ရက်)က အသက် ၇၀ ကျော်အမျိုးသမီးကြီးတစ်ဦးခေါင်းဖြတ်သတ်ခံလိုက်ရတယ်လို့ ဖြစ်စဉ်ကိုသိသူအချို့ဆီက သိရပါတယ်။
အဲဒီလူသတ်မှုဖြစ်စဉ်ဟာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညာဒလလမ်းပေါ်ကတိုက်ခန်း ရဲ့ ငါးလွှာအခန်းမှာ ဖြစ်ပွားခဲ့တာပါ။
အခင်းဖြစ်တဲ့နေရာကတော့သိမ်ဖြူလမ်း၊ဗညားဒလလမ်း ၊ မြယာကုန်း လမ်း၊ဒေါ်သိန်းတင်လမ်းတို့ ဆုံရာငါးလမ်းဆုံ မီးပွိုင့်အနီးက တိုက်ခန်းဖြစ်ပါတယ်။

Public Service Announcement
သတ်ဖြတ်ခံရသူအမျိုးသမီးကြီးဟာတိုက်ခန်းမှာတူတော်စပ်သူနဲ့ အတူနေထိုင်တာဖြစ်ပြီးအသတ်ခံထားရတာကိုတော့ပတ်ဝန်းကျင်က သတိ ထားမိတာလို့ ကနဦးသိထားရပါတယ်။
ဦးခေါင်းကိုဖြတ်ပြီးတိုက်ခန်းကသေတ္တာတစ်လုံးထဲမှာ ထည့်ထားခဲ့တာလို့ သိရပါတယ်။
“တရားခံကတော့ မမိသေးဘူး (သေဆုံးသူ) အဒေါ်ကြီးရဲ့ မိသားစုက နိုင်ငံခြားမှာလိုတော့ပြောတယ်”လို့ ဖြစ်စဉ်ကို သိသူတစ်ဦးက ပြောပါတယ်။
အခုလူသတ်မှုဖြစ်စဉ်မှာ တူတော်စပ်သူသံသယဝင်ခံနေရပြီး ရဲက လိုက်ရှာနေတယ်လို့ ဖြစ်စဉ်ကိုသိသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်ရှိနေအိမ်တစ်အိမ်ကိုအမျိုးသားသုံးဦးဖောက်ထွင်းဝင်ရောက်ရာမှာအိမ်ရှင်အမျိုးသားကတွေ့သွားတာကြောင့်ဓားနဲ့ထိုးရာမှာ အိမ်ရှင်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ထားပါတယ်။





















































